သာယာဝတီမှာ ၂ နှစ်ခွဲအရွယ် ကလေးငယ်အပါအဝင် ၆ ဦးကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်

သာယာဝတီ သပိတ်ကို ဦးဆောင်နေသူလို့ ရဲက စွပ်စွဲထားတဲ့ ကိုဂျာလေး ဆိုသူကို မမိတဲ့အတွက် သူ့မိသားစုဝင်တွေနဲ့ ကားသမား အပါအဝင် လူ ၆ ဦးကို ရဲက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

စစ်တပ်က အာဏာသိမ်းခဲ့အပြီး သာယာဝတီ သပိတ်ကို ဦးဆောင်မှုနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သတင်းပြန်ကြားရေး တာဝန်ခံ ကိုဂျာလေးကို ရဲက ပုဒ်မ ၂၅ နဲ့ အမှုဖွင့်ခဲ့ပြီး သူ့ကို ဖမ်းဆီးဖို့ အိမ်ကို အကြိမ်ကြိမ် လာရောက် ဝိုင်းခဲ့တဲ့အတွက် ကိုဂျာလေးက ထွက်ပြေး တိမ်းရှောင်နေခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာ ဆေးခန်းပြဖို့ သူ့ရဲ့ မိသားစု သာယာဝတီကနေ တိုက်ကြီးဘက်ကို အထွက် လမ်းမှာ သူ့ရဲ့ ၄ နှစ်အရွယ် သမီး၊ ၂ နှစ်ခွဲအရွယ် တူမ၊ ၁၃ နှစ်အရွယ် ယောက်ဖနဲ့ အသက် ၆၀ အရွယ် ယောက္ခမ အပါအဝင် လူ ၆ ဦးကို စစ်တပ်က ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ကိုဂျာလေးက ပြောပြပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ ဘီဘီစီက သီးခြားဆက်သွယ်အတည်ပြုနိုင်တာမျိုးတော့မရှိသေးပါဘူး။

ဒါ့အပြင် ကိုဂျာလေးနဲ့ ဆက်စပ်တယ်လို့ ယူဆရသူတွေကိုလည်း သာယာဝတီမြို့ထဲမှာ အခုချိန်ထိ လိုက်ဖမ်းနေဆဲပဲ လို့ သူက ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

သာယာဝတီမှာ ၂ နှစ်ခွဲအရွယ် ကလေးငယ်အပါအဝင် ၆ ဦးကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်  သာယာဝတီမှာ ၂ နှစ်ခွဲအရွယ် ကလေးငယ်အပါအဝင် ၆ ဦးကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင် Reviewed by THITHTOOLWIN on 06:00 Rating: 5

No comments:

Powered by Blogger.