မန္တလေးမှာ ပုဒ်မ ၅၀၅(က)နဲ့ အရေးယူမယ့် လူစာရင်း ထုတ်ပြန်


မန္တလေး၊ ပုဒ်မ ၅၀၅ (က)၊ အာဏာသိမ်းစစ်တပ်

မန္တလေးမြို့မှာ ပုဒ်မ ၅၀၅(က)နဲ့ အရေးယူမယ့် လူဦးရေ ၂၀၀ ကျော် စာရင်းကို အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်လိုက်ပါတယ်။

အဲဒီလူတွေဟာ နိုင်ငံတော် ငြိမ်၀ပ်ပိပြားမှုကို ထိခိုက်အောင် ပြောဆိုတာတွေ၊ CDM လှုပ်ရှားရာမှာ ပူးပေါင်း ပါဝင်ဖို့ ဖိအားပေး ခြိမ်းခြောက် လှုံ့ဆော်တာတွေ၊ ပြည်သူလူထု အနှောင့်အယှက် ဖြစ်အောင် လမ်းတွေပိတ်ဆို့တာ၊ သံပုံးတီးတာ စတဲ့ စည်းရုံးလှုံ့ဆော်တာတွေ လုပ်နေတဲ့အတွက် သူတို့ကို သက်ဆိုင်ရာ နယ်မြေ ရဲစခန်းတွေမှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲထားတယ်လို့ ဆိုပါတယ်။

အခု ထုတ်ပြန်လိုက်တဲ့ စာရင်းထဲမှာ အဲဒီလူတွေရဲ့ အမည်၊ အသက်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာတွေကို ဖော်ပြထားပြီး သူတို့ကို တွေ့ရှိရင် အနီးဆုံး ရဲစခန်းမှာ သတင်းပေး တိုင်ကြားဖို့နဲ့ လက်ခံထားသူတွေကို အရေးယူမယ်လို့ ဆိုပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

မန္တလေးမှာ ပုဒ်မ ၅၀၅(က)နဲ့ အရေးယူမယ့် လူစာရင်း ထုတ်ပြန်  မန္တလေးမှာ ပုဒ်မ ၅၀၅(က)နဲ့ အရေးယူမယ့် လူစာရင်း ထုတ်ပြန် Reviewed by THITHTOOLWIN on 06:01 Rating: 5

No comments:

Powered by Blogger.