ဖားကန့်တွင် စက်သုံးဆီများ တစ်ဂါလံ ၉၀၀၀ကျပ်ဖြင့်ရောင်းချနေ။



Share/Bookmark

Photo-Kotar

ဧပြီလ ၂၈ရက်နေ့မှစကာအကြမ်းဖက်စစ်ကောင်စီမှ ဖားကန့်သို့ စက်သုံးဆီအဝင်ရပ်တန့်လိုက်သည့်အတွက် ဆီအရောင်းဆိုင်များမှ လက်ကျန်ဆီများကို တစ်ဂါလံ ၉၀၀၀ ကျပ်နှုန်းဖြင့် ဈေးတင်ရောင်းချနေကြပြီး လူထုမှ တန်းစီဝယ်ယူနေကြရသည်။

ယခင်က ဖားကန့်၌ 92 ဓါတ်ဆီ တစ်ဂါလံလျှင် ၄၅၀၀ ကျပ်နှုန်းရှိသည်။

လက်ရှိ‌ ဆီဈေးမြှင့်တက်နေသည့် အခြေအနေကြားမှ အချို့စက်သုံးဆီဆိုင်များ၌ ရောင်းချစရာ ဆီလက်ကျန်ပင်မရှိတော့ကြောင်း သိရသည်။

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီမှ ဆီအပြင် အခြားကုန်စည်များပါ အဝင်ရပ်တန့်ထားမည်ကို ဒေသပြည်သူများက စိုးရိမ်နေကြပြီး ရိက္ခာစုဆောင်းသူများ များပြားလာသည်။

ဖားကန့်ဒေသသည် ကျောက်စိမ်းတွင်းများကိုသာ အဓိက အားထားရာဒေသဖြစ်သည့်အတွက် စားနပ်ရိက္ခာအပြင် ကုန်စည်များအား အခြားဒေသများမှ တင်သွင်းကြရသည်။


Kachin News Group

https://www.facebook.com/theKachinNews



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ