ဖားကန့်တွင် စစ်ကောင်စီမှ ဆန်နှင့်ဆီ တင်သွင်းမှုပိတ် ကုန်ဈေးနှုန်းစတင်မြင့်တက်လာ



Share/Bookmark

ဧပြီ ၃၀ရက် ၂၀၂၁

ကချင်ပြည် ဖားကန့်မြို့တွင်း အကြမ်းဖက် စစ်ကောင်စီမှ ဆန် နှင့် စက်သုံးဆီများ တင်သွင်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်ဈေးနှုန်းများလည်း မြင့်တက်လာကြောင်း သတင်းရရှိသည်။

ယခုရက်ပိုင်း ဖားကန့်မြို့တွင် ဆန် နှင့် ဆီများကို အလုအယက်ဝယ်ယူ သိုလှောင်မှုကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်လာကြောင်း ဖားကန့်ဒေသတွင် အလုပ်လုပ်နေသည့် သျှမ်းအသိုင်းအဝန်းများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီဘက်က စက်သုံးဆီတွေ ဖြတ်တယ်။ ဆန်ကားတွေလည်း ပိတ်ထားတယ်။ တစ်ပတ်လောက်ရှိပြီ ပိတ်သွားတာ” ဟု ဖားကန့်တွင် အလုပ်လုပ်နေသည့် သျှမ်းလူငယ်တဦး ကပြောသည်။

ဖားကန့်ကို တင်ပို့နေသည့် ဆန်ကားများကို ပိတ်လိုက်သဖြင့် ဆန်ဆိုင်များဆန်မရှိတော့ဘဲ ကုန်ပစ္စည်းများကို အလုအယက်ဝယ်ယူနေကြကြောင်း၊ လက်ရှိမှာ ဖားကန့်ကို ဖြတ် (၄)ဖြတ် ပုံစံ ပြုလုပ်ရန် ကြိုးစားနေကြောင်း လည်း အထက်ပါ သျှမ်းလူငယ်က ပြောသည်။

“ ဖားကန့်ဒေသကို သူတို့က ဖြတ်လေးဖြတ်နဲ့ သုံးချင်သလား ဘယ်လိုလာမလဲတော့မသိဘူး။ ဆန်က အဓိက စားသောက်ကုန်လေ။ စက်သုံးဆီမှာ လုပ်ခြင်းအားဖြင့် လုပ်ငန်းတွေ ပျက်သွားမယ်။ ရိက္ခာဖြတ်တဲ့ သဘောလို့ ထင်တာပဲ။” ဟု ဖားကန့်တွင် ကျောက်စိမ်းရောင်းဝယ်နေသူ တဦးက ပြောသည်။

အကြမ်းဖက် စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် စက်သုံးဆီများ ဈေးနှုန်းမြင့်တက်လာခြင်း၊ စက်သုံးဆီ တစ်လီတာလျှင် (၁၀၀၀) အထိ မြင့်တက်နေကြောင်း စုံစမ်းသိရှိရသည်။

“ဖြတ်လေးဖြတ်လုပ်လာနိုင်တဲ့အတွက် စိုးရိမ်တယ်။ ချက်ချင်းဖြတ်လိုက်ရင် မသိတာပေမယ့် တစ်ချို့လည်း လှောင်ထားတာရှိတယ်။ မရောင်းပေးဘူး။ ကျောက်တူးနေတဲ့သူတွေလည်း အလုပ်ရပ်သွားနိုင်တယ်။ ဒီဘက်ဒေသမှာက လူဦးရေ ငါးသိန်းလောက်ရှိတယ်။ အဲ့လူတွေအတွက် အခက်ဖြစ်လာနိုင်တယ်။ လမ်းကြောင်းတွေ အကုန်ပိတ်ထားတယ်လို့ပြောတယ်”  ဟု ဖားကန့်မှာ အသေးစား စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ဖားကန့်တွင် တိုင်းရင်းသားပေါင်းစုံ နေထိုင်သည့် ဒေသဖြစ်ပြီး ကျောက်တွင်းတူးရာမှာ စက်ယန္တယားကြီးဖြင့်  နေ့စဉ်လုပ်ငန်း လှည့်ပတ်လျက်ရှိပြီး ကျောက်တူးသမားများ၊ ကျောက်ရောင်းဝယ်သူများ စီးပွားရေး လုပ်ငန်းရှင်များ နေထိုင်သည့် ဒေသတစ်ခုဖြစ်သည်။

ဖေဖော်ဝါရီ (၁)ရက်နေ့မှ စတင်ပြီး အကြမ်းဖက် စစ်ကောင်စီမှ နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် နိုင်ငံခြားမှ တင်ပို့ရောင်းချသည့် စက်သုံးဆီ ကုမ္ပဏီများ ရပ်ဆိုင်းသွားသည့်အတွက် စက်သုံးဆီဈေးနှုန်း မြင့်တက်လာကြောင်း သိရသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ