အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံ တပ်ရင်း ခလရ(၆၀)လက်အောက်ခံ တပ်ခွဲ(ကျောက်စရစ်စခန်း)မှ ခြုံငုံတိုက်ခိုက်ရန်လှုပ်ရှားမှုများကြောင့် KNLA နှင့် ထိပ်တိုက် တွေ့ဆုံပြီး ပစ်ခတ်မှုဖြစ်ပွား


၂၀၂၁ ခုနှစ်၊ ဧပြီလ (၃၀)ရက်။ သူးလေသတင်းစဉ်။

ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ကျောက်စရစ်ကျေးရွာအုပ်စု၊ အင်တိုင်းကုန်းကျေးရွာတွင် ကျောက်ကြီးမြို့နယ် အမှတ်(၂)နယ်မြေမှူး စောဝါးမူဇက်နှင့် အဖွဲ့သားများက အင်တိုင်းကုန်းကျေးရွာသူ/ရွာသားများနှင့် အစည်းအဝေးပြုလုပ်ရန် သွားရောက်ခဲ့သည်။ ထိုသို့သွားရောက်ရာတွင် အာဏာသိမ်းစစ်အုပ်စု တပ်ရင်း ခလရ (၆၀) လက်အောက်ခံ တပ်ခွဲ(ကျောက်စရစ်စခန်း)မှ သိရှိသောကြောင့် ၎င်းတို့အား နှောင့်ယှက်ရန် လာရောက်ပြီး KNLAနှင့် ထိပ်တိုက်တွေ့ဆုံကာ ယနေ့နံနက်(၁၀)နာရီ (၅၅)မိနစ်အချိန်မှာ အင်တိုင်းကုန်းကျေးရွာဘေးတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

 ၎င်းပစ်ခတ်မှုများကြောင့် ကျေးရွာသူရွာသားများ ထိတ်လန့်ကြောက်ရွံ့ခဲ့ကြရပြီး ကျေးရွာသူရွာသားတစ်ချို့ ထွက်ပြေးတိမ်းရှောင်ကြသည်။ ၎င်းပစ်ခတ်မှုအနီးတွင် လယ်ထွန်သော လယ်သမားများလည်း  ၎င်းတို့၏ အလုပ်ကို ပစ်ထားပြီး ထွက်ပြေးခဲ့ကြသည်။ 

၎င်းပစ်ခတ်မှုတွင် အင်တိုင်းကုန်းကျေးရွာသား အသက်(၇၀)ရှိ အဖိုးစောမောင်လူးမှ နှလုံးရောဂါဖောက်ကာ သေဆုံးသွားခဲ့ရသည်။ KNU/KNLA များ ထိခိုက်ဒဏ်ရာရရှိမှု မရှိ၊ အာဏာသိမ်းစစ်အုပ်စုအုပ်စုမှ (၂)ဦးသေဆုံးသွားသည်ဟု အမှတ်(၂)နယ်မြေမှူး စောဝါးမူဇက်မှ ပြောသည်။

ယခုလိုပစ်ခတ်မှုဖြစ်ပွားရခြင်းမှာ အာဏာသိမ်းစစ်အုပ်စုဘက်မှ စတင်ပြီး ၎င်းတို့အား ခြုံငုံတိုက်ခိုက်ရန် လှုပ်ရှားခဲ့ကြသောကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောခဲ့သည်။


Thoolei News - KNU -Department Of Information

https://www.facebook.com/KNUDOIHQ/

အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံ တပ်ရင်း ခလရ(၆၀)လက်အောက်ခံ တပ်ခွဲ(ကျောက်စရစ်စခန်း)မှ ခြုံငုံတိုက်ခိုက်ရန်လှုပ်ရှားမှုများကြောင့် KNLA နှင့် ထိပ်တိုက် တွေ့ဆုံပြီး ပစ်ခတ်မှုဖြစ်ပွား အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံ တပ်ရင်း ခလရ(၆၀)လက်အောက်ခံ တပ်ခွဲ(ကျောက်စရစ်စခန်း)မှ ခြုံငုံတိုက်ခိုက်ရန်လှုပ်ရှားမှုများကြောင့် KNLA နှင့် ထိပ်တိုက် တွေ့ဆုံပြီး ပစ်ခတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:00 Rating: 5

No comments:

Powered by Blogger.