ရန်ကင်းမြို့နယ် ရပ်ကွက်နှစ်ခုက လူငယ်၁၅ဦး ဖမ်းဆီးခံရ





ရန်ကုန်၊ဧပြီ ၉၊၂၀၂၁

ရန်ကင်းမြို့နယ် ၉ရပ်ကွက်နဲ့ ၁၂ ရပ်ကွက်ကလူငယ်၁၅ဦးကို ဒီနေ့ညနေပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်းရပ်ကွက်နေသူတွေဆီက သိရပါတယ်။

"ညီမသူငယ်ချင်းဆိုဘာအပြစ်မှမရှိဘူးCBဘဏ်မှာ ပိုက်ဆံသွားထုတ်နေတုန်း ဖမ်းသွားတာ တစ်ချို့ဆို အောင်ကောင်းစံ လက်ဖက်ရည်ဆိုင်ထိုင်နေရင်းတောင် ဖမ်းခေါ်သွားတယ်" ခို့အမှတ် ၉ရပ်ကွက်မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။

 စစ်သားတွေအပါအဝင် အရပ်ဝတ်နဲ့လူတွေကမောင်ဖြစ်သူကို နေအိမ်အတွင်း လာရောက်ဖမ်းဆီးသွားကြာင်း အမှတ် ၁၂ရပ်ကွက် နေထိုင် သူတစ်ဦးက VOMကို ပြောပါတယ်။

ရန်ကင်းမြို့နယ် ၉ရပ်ကွက်နဲ့ ၁၂ ရပ်ကွက်အတွင်းက လူငယ် ၁၅ဦးကို ဖမ်းဆီးပြီး လက်ရှိအခြေအနေမှာ ရန်ကင်းရဲစခန်းကို ပို့ဆောင်ထားကြောင်း ရပ်ကွက်နေပြည်သူတွေကပြောပါတယ်။


အေးချမ်းသူ(VOM)

Voice of Myanmar

https://www.facebook.com/VoiceofMyanmarNews

ရန်ကင်းမြို့နယ် ရပ်ကွက်နှစ်ခုက လူငယ်၁၅ဦး ဖမ်းဆီးခံရ ရန်ကင်းမြို့နယ် ရပ်ကွက်နှစ်ခုက လူငယ်၁၅ဦး ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 20:07 Rating: 5

No comments:

Powered by Blogger.