ပဲခူးမှာ ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက် ဒေသခံအချို့ နေရပ်စွန့်ခွာထွက်ပြေး


ဧပြီ ၉-၂၀၂၁

ပဲခူးမှာ ဒီနေ့ ဧပြီ ၉ရက် မနက် ၅ နာရီလောက်ကစပြီး နေ့လယ်ပိုင်းအထိ စစ်တပ်နဲ့ရဲရဲ့ ပစ်ခတ်‌မှုတွေကြောင့် သေဆုံးသူဦးရေ ဆယ်ဂဏန်းအထက်မှာရှိခဲ့တဲ့အပြင် အင်အားထပ်မံတိုးမြင့်ချထား‌တာတွေကြောင့် ဒေသခံအချို့ နီးစပ်ရာတွေကို တိမ်းရှောင်နေကြရတယ်လို့ မြို့ခံတွေဆီက စုံစမ်းသိရပါတယ်။

"မနက်ကတည်းက ပစ်ခတ်နေတာ မွန်းတည့်လောက်အထိပဲ။ အတည်မပြုနိုင်သေးပေမယ့် သေဆုံးသူ ဆယ်ဂဏန်းအထက် ဖြစ်နေပြီ။ မဂ္ဂတစ် ၊ အင်းဝင်ဆံတော်တွင်း လမ်းဘက်သာမက မြို့ပေါ်ရပ်ကွက်တွေကပါ နီးစပ်ရာကျေးရွာတွေကို တိမ်းရှောင် နေရတယ်"လို့ မြို့ခံအမျိုးသားတစ်ဦးက ပြောပြပါတယ်။

အဲ့ဒီပစ်ခတ်မှုမှာ သေဆုံးသူတွေရဲ့အလောင်းတွေကို ပဲခူးမြို့ မှော်ကန်၁၃ လမ်း၊ ရှင်စောပုဘုရားဝင်းနံဘေးနားမှာ စုပုံထားရှိပြီး သေဆုံးသူအရေအတွက် ဆယ်ဂဏန်းကျော်ရှိနေတယ်လို့ ဒေသခံအချို့က ပြောပေမယ့် သေဆုံးသူအရေအတွက်ကို VOM အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

မနေ့ ဧပြီ၈ရက်ညက ညသပိတ်ဆင်နွဲသူဦး‌ရေ များပြားခဲ့ပြီးနောက် ဒီနေ့ မနက် ၅ နာရီ‌ကျော်လောက်ကစပြီး ဆံတော်တွင်း၊ မဂ္ဂတစ်၊ အင်းဝင်၊ ပုဏ္ဏားစု အပါအဝင် ရပ်ကွက်‌တွေထဲကို  လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အတားအဆီးတွေ လာရောက်ရှင်းလင်းပြီး စစ်မြေပြင်သုံး လက်နက်အချို့ကိုပါ သုံးစွဲပစ်ခတ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။


KLY(VOM)

Voice of Myanmar

https://www.facebook.com/VoiceofMyanmarNews

ပဲခူးမှာ ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက် ဒေသခံအချို့ နေရပ်စွန့်ခွာထွက်ပြေး ပဲခူးမှာ ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက် ဒေသခံအချို့ နေရပ်စွန့်ခွာထွက်ပြေး Reviewed by THITHTOOLWIN on 20:05 Rating: 5

No comments:

Powered by Blogger.