စစ်ကိုင်းတွင် ညကင်းစောင့်တစ်ဦး ပစ်ခံရ၍ သေဆုံး




မုံရွာ၊ဧပြီ- ၂

စစ်ကိုင်းမြို့၊စီတီးရပ်ကွက်၊ဆွမ်းချက်ရပ်တွင် ညကင်းစောင့်သူများနှင့် ယမန်နေ့ည(ဧပြီ-၁) ၁၀နာရီခန့်က ရဲနှင့်စစ်တပ်တို့တွေ့ရာ ပစ်ခတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦး ရင်ဘက်နှင့် ဆီးခုံအား ကျည်ဖောက်ဝင်ဒဏ်ရာဖြင့်ကျဆုံးသည်။

ကျဆုံးသူမှာ ဆွမ်းချက်ရပ်မှ အသက်၃၆ နှစ်အရွယ် ကိုအေးချမ်းဆိုသူဖြစ်သည်။

" ရပ်ကွက်ထဲကို စစ်သားတွေဝင်လာတော့ ကင်းမှာရှိတဲ့ကိုအေးချမ်းက အရေးတော်ပုံအောင်ရမည်ဆိုပြီး ရှေ့ကနေရင်ကော့ပေးတော့ သူ့ပစ်သွားကြတာ "ဟု မြို့ခံတစ်ဦးကပြောသည်။  

ယမန်နေ့ည ပစ်ခတ်မှုတွင် ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့သည်။သေဆုံးသူ၏ရုပ်လောင်းကို ယနေ့နံနက် ၉  နာရီက သဂြိုလ်ခဲ့သည်။

မတ်လ ၃ရက်မှ ဧပြီ ၁ရက်အထိ စစ်ကိုင်းမြို့တွင် ကျဆုံးသောပြည်သူ သုံးဦး ရှိနေသည်။


Monywa Gazette

https://www.facebook.com/monywagazette

စစ်ကိုင်းတွင် ညကင်းစောင့်တစ်ဦး ပစ်ခံရ၍ သေဆုံး စစ်ကိုင်းတွင် ညကင်းစောင့်တစ်ဦး ပစ်ခံရ၍ သေဆုံး Reviewed by THITHTOOLWIN on 21:44 Rating: 5

No comments:

Powered by Blogger.