အကြမ်းဖက်မှုကြောင့် ထွက်ပြေးလာတဲ့ မြန်မာတွေကို ကာကွယ်ဖို့ ဒေသတွင်းနိုင်ငံတွေကို ကုလပန်ကြား



Share/Bookmark
Stephane Dujarric ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ

မြန်မာနိုင်ငံတွင်း ဆိုးဝါးတဲ့ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာတဲ့ ပြည်သူအားလုံးကို ဒေသတွင်းနိုင်ငံတွေက အကာကွယ်ပေးဖို့ အရှေ့တောင်အာရှ ဒေသဆိုင်ရာ UNHCR ကုလသမဂ္ဂရုံးက ပန်ကြားလိုက်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"ဒုက္ခသည်တွေနဲ့ စာရွက်စာတမ်းမပါပဲ ထွက်ပြေးလာတဲ့ အိုးအိမ်ရွှေ့ပြောင်းရသူတွေကို အတင်းအဓမ္မ ပြန်မပို့ကြဖို့ ဒေသတွင်း နိုင်ငံတွေ အနေနဲ့ အတင်းပြန်ပို့ဖို့ လုပ်မယ်ဆိုရင် အခြေအနေပိုဆိုးသွားနိုင်ကြောင်းနဲ့ မြန်မာနိုင်ငံထဲက ထွက်ပြေးလာသူအားလုံးကို ခိုလှုံခွင့်ပေးဖို့နဲ့ အကာကွယ်ပေးဖို့လည်း ဒေသတွင်း နိုင်ငံအားလုံးကို UNHCR က တောင်းဆိုကြောင်း" ပြောသွားတာပါ။

မြန်မာစစ်တပ်က ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းခဲ့ချိန်ကစပြီး စစ်တပ်နဲ့ ရဲတွေရဲ့ သတ်ဖြတ်မှုကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူ ၅၀၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်သလို အဖမ်းဆီးခံရသူကလည်း အနည်းဆုံး ၂၆၀၀ ကျော်ရှိကြောင်း ပြောပါတယ်။

ကရင်ပြည်နယ် အပါအဝင် ပြည်နယ် တချို့မှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မြန်မာစစ်တပ်တို့ကြာ မကြာသေးခင်ကပဲ လေကြောင်းတိုက်ခိုက်မှုနဲ့ အတူ ပြင်းထန်တဲ့တိုက်ပွဲတွေ ကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ အိမ်နီးချင်းနိုင်ငံတွေထဲ ထွက်ပြေးနေရကြောင်းလည်း ပြောပါတယ်။

ဒါကြောင့် ဒေသတွင်းနိုင်ငံတွေ အနေနဲ့ ဒီဒုက္ခသည်တွေကို ကျန်းမားရေးစောင့်ရှောက်ပေးဖို့ အသက်အနရာယ် အကာကွယ်ပေးဖို့နဲ့ အတူ နိုင်ငံတွင်းဝင်ရောက်ခွင့်၊ နိုင်ငံရေးခိုလှုံခွင့် အပါအဝင် နယ်စပ်ဒေသတွေမှာ သူတို့အတွက် လိုအပ်တာတွေကို လုပ်ဆောင်ပေးကြဖို့ လည်း ကုလသမဂ္ဂ လူ့အခွင့်ရေး ဆိုင်ရာမဟာမင်းကြီးရုံး က ပန်ကြားလိုက်တာပါ။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/un-unhcr-myanmar-refugee-/5837399.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ