တမူးမြို့ ညသန်းခေါင်ကျော် ပစ်ခတ်မှုတွင် CDMဝင် ရဲတပ်သား ကျဆုံး


မုံရွာ၊ဧပြီ- ၂

အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့၊နန်းဖာလုံရပ်ကွက်တွင် ယနေ့နံနက်အစောပိုင်း ၂ နာရီဝန်းကျင်က ပြည်သူများနှင့် ရဲ၊စစ်တပ်တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ရာ CDMပြုလုပ်ထားသော ရဲတပ်သားတစ်ဦးကျဆုံးသည်။

ကျဆုံးသူမှာ တမူးမြို့၊နန်းဖာလုံရပ်ကွက်၊နန်းဖာလုံရဲစခန်းမှ CDMပြုလုပ်ထားသော အသက် ၂၆ နှစ်အရွယ် ရဲတပ်သား ကိုထောင်းဟောက်ဂင် (ခ) ကိုကင်းကင်းဆိုသူဖြစ်သည်။

" မီးသတ်ရုံးရှေ့မှာ ဖြတ်သွားတဲ့လူကို ရဲနဲ့ စစ်တွေက ပစ်လို့ ပြည်သူတွေဝိုင်းလာကြတယ်။ပြည်သူတွေဘက်ကနေ ကာကွယ်ပေးနေတဲ့ CDM ရဲကို ပစ်ခံရတာ၊အလောင်းကိုတော့ အခုပြန်သယ်လာခဲ့ပါပြီ "ဟု ဒေသခံတစ်ဦးကပြောသည်။

ပစ်ခတ်မှုတွင် ကျည်မှန်ဒဏ်ရာရရှိသူများလည်း ရှိသည်။


Monywa Gazette

https://www.facebook.com/monywagazette

တမူးမြို့ ညသန်းခေါင်ကျော် ပစ်ခတ်မှုတွင် CDMဝင် ရဲတပ်သား ကျဆုံး တမူးမြို့ ညသန်းခေါင်ကျော် ပစ်ခတ်မှုတွင် CDMဝင် ရဲတပ်သား ကျဆုံး Reviewed by THITHTOOLWIN on 21:47 Rating: 5

No comments:

Powered by Blogger.