လန်ဒန်မြန်မာ သံရုံးကို စစ်သံရုံးက ဝင်ရောက်ထိန်းသိမ်းထားလို့ဆို


ယူကေနိုင်ငံ လန်ဒန်မြို့က မြန်မာသံရုံးကို စစ်သံရုံးက တာဝန်ရှိသူတွေက ဝင်ရောက် ထိန်းသိမ်းထားတယ်လို့ သိရှိရပါတယ်။

လက်ရှိ ယူကေ အချိန် ၇ နာရီ ဝန်းကျင်မှာ သံအမတ်ကြီး ဦးကျော်စွာမင်း သံရုံးအပြင်မှာ ရောက်ရှိနေပြီး ယူကေရောက် မြန်မာတချို့က ဝန်းရံရောက်ရှိနေပါတယ်။

သံအမတ်ကြီး မရှိစဥ်မှာ စစ်သံရုံးက လူတွေ သံရုံးထဲကို ဝင်ရောက်သွားတာ ဖြစ်ပြီး အခု အခါမှာ သံအမတ်ကြီးက ယူကေ ရဲတပ်ဖွဲ့ အကူအညီနဲ့ သံရုံးထဲဝင်ဖို့ ကြိုးစားနေသလို ယူကေ နိုင်ငံခြားရေး ဝန်ကြီးဌာနထံက အကူအညီကိုလည်း တောင်းခံထားတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။ 


BBC Burmese

https://www.facebook.com/BBCnewsBurmese

လန်ဒန်မြန်မာ သံရုံးကို စစ်သံရုံးက ဝင်ရောက်ထိန်းသိမ်းထားလို့ဆို လန်ဒန်မြန်မာ သံရုံးကို စစ်သံရုံးက ဝင်ရောက်ထိန်းသိမ်းထားလို့ဆို Reviewed by THITHTOOLWIN on 04:02 Rating: 5

No comments:

Powered by Blogger.