ထိုင်းမှာ ကူးစက်မြန် ကိုဗစ်မျိုးကွဲ ကူးစက်သူတွေရှိလာ



Share/Bookmark
Therapists wearing face shields wait for costumers at a traditional Thai massage shop which reopened after the Thai government eased isolation measures to prevent the spread of the coronavirus disease (COVID-19) in Bangkok, Thailand, June 3, 2020. REUTERS

အလွန်ကူးစက်မြန်ပြီး အရင်ဗြိတိန်မှာတွေ့ခဲ့တဲ့ ကိုဗစ်ပိုးအမျိုးအစားသစ် ထိုင်းနိုင်ငံတွင်းမှာ အချင်းချင်းကူးစက်တာကို ပထမဆုံး စတွေ့ခဲ့ပါတယ်။

ထိုင်းနိုင်ငံရှိ ဗိုင်းရပ်စ်ဗေဒဆိုင်ရာ ကျွမ်းကျင်သူက ဗြိတိန်မှာအရင်တွေ့ခဲ့တဲ့ B.1.1.7 အမျိုးအစားကို လူပေါင်း ၂၄ ဦးမှာ အခုလိုအချင်းချင်းကူးစက်ခဲ့တာ တွေ့ရှိလိုက်တယ်လို့ ဒီနေ့ ပြောပါတယ်။

ချူလာလောင်ကွန်းတက္ကသိုလ်က အကြီးတန်း ဗိုင်းရပ်စ်ဗေဒပညာရှင် Yong Poovorawan က ဒီ ပိုးသစ်အမျိုးအစားဟာ အလွန်ကူးစက်မြန်ပြီး အရင်တွေ့ခဲ့တာတွေထက် ၁.၇ ဆအထိ ပိုကူးစက်မြန်တယ်လို့ သတိပေးလိုက်ပါတယ်။

ထိုင်းနိုင်ငံထဲ ဒီနေ့ပိုးတွေ့သူသစ် ၃၃၄ ဦးအထိ ပြန်မြင့်တက်လာနေချိန်မှာ နိုင်ငံခြားကနေကူးစက်လာသူက ၇ ဦးသာတွေ့ခဲ့ပြီး အများစု ၃၂၇ ဦးက ပြည်တွင်းမှာ ကူးစက်ခံခဲ့ရတာပါ။ မနေ့ အင်္ဂါနေ့တုံးကတော့ ပိုးတွေ့သူသစ် ၂၅၀ သာရှိခဲ့တာမို့ ဒီနေ့မှာ ၃၃% တက်လာတာပါ။

ထိုင်းနိုင်ငံထဲမှာ ခုချိန်ထိ ကူးစက်သူစုစုပေါင်းကတော့ ၃ သောင်းနီးပါးရှိလာနေပါပြီ။ ပြည်နယ်တွေမှာပါ မြင့်တက်လာတဲ့ ကိုဗစ်ပိုးသစ်တွေ့ရှိမူဟာ တကယ်တော့ ဘန်ကောက်က ဖျော်ဖြေရေးလုပ်ငန်းတွေကနေ အရင်းခံလာတာလို့ ကိုဗစ်-19 ဌာန ပြောခွင့်ရ Dr. Apisamai Srirangson က ဆိုပါတယ်။

ခုလိုအချိန်မှာ ထိုင်းဝန်ကြီးတဦးရဲ့ လက်ထောက်မှာ ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး ဝန်ကြီးချုပ် Prayuth Chan-Ocha ကတော့ စစ်ဆေးပြီးတဲ့နောက် ပိုးကူးစက်မှုမရှိပါဘူး။

ဘန်ကောက်ကပြန်စတက်လာတဲ့ ဒီပိုးတွေ့မူအပေါ် ဝန်ကြီးချုပ် Prayuth က စိုးရိမ်ကြောင်းပြောထားပြီး လက်ရှိ ဘန်ကောက်က ဖျော်ဖြေရေးလုပ်ငန်း ၂၀၀ နီးပါး ပိတ်ထားတာအပြင် နောက်ထပ်ပိတ်ဆို့ကန့်သတ်မူတွေလုပ်ဖို့ ချင့်ချိန်နေပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/thai-detects-first-domestic-cases-of-uk-coronavirus-variant-expert/5844123.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ