ဆိုင်ကယ်မရပ်တန့်၍ဟုဆိုကာ သေနတ်ဖြင့် ပစ်ခတ်ရာမှ မန္တလေးတွင် ပြည်သူတစ်ဦး သေဆုံး


(၂၈/၄/၂၀၂၁)

မန္တလေးမြို့ ဈေးချို နာရီစင်အနီး (၈၄)လမ်းပေါ်တွင် အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်အဖွဲ့က ဆိုင်ကယ်များကို ရပ်တန့်စစ်ဆေးစဉ် မောင်းပြီးထွက်ပြေးသည့်အတွက် သေနတ်ဖြင့် ပစ်ခတ်ရာမှ နောက်ကျောတဆင့်မှ ဝမ်းဗိုက်ပေါက်ထွက်ပြီး နေရာတွင် ပွဲခြင်းပြီး သေဆုံးမှု ယနေ့ ဧပြီလ(၂၈)ရက်နေ့ ညပိုင်းတွင် ဖြစ်ပွားကြောင်း သိရသည်။

သေဆုံးသူမှာ အသက်(၃၂)နှစ်အရွယ် ကိုညီညီဆိုသူဖြစ်ပြီး  အောင်မြေသာစံမြို့နယ် သီရိမာလာအနောက်ရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

မန္တလေးတွင် အာဏာသိမ်းအဖွဲ့၏ အကြမ်းဖက်အဖွဲ့က ညပိုင်းများတွင် ဆိုင်ကယ်များကို စစ်ဆေးမှုများပြုလုပ်သည့်အပြင် ဖုန်းများပါ စစ်ဆေးမှုများ သိမ်းယူမှုများအထိ လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။


Burma News Network

https://www.facebook.com/burmanewsnetwork

ဆိုင်ကယ်မရပ်တန့်၍ဟုဆိုကာ သေနတ်ဖြင့် ပစ်ခတ်ရာမှ မန္တလေးတွင် ပြည်သူတစ်ဦး သေဆုံး ဆိုင်ကယ်မရပ်တန့်၍ဟုဆိုကာ သေနတ်ဖြင့် ပစ်ခတ်ရာမှ မန္တလေးတွင် ပြည်သူတစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 05:59 Rating: 5

No comments:

Powered by Blogger.