ယင်းမာပင်မြို့နယ်၊သပြေအေးရွာ ပစ်ခတ်မှုဖြစ်ရွာသား(၄)ဦးကျည်ထိမှန်ပြီး(၄)ဦးအဖမ်းခံရ



Share/Bookmark


ယင်းမာပင်၊ ဧပြီ ၂-၂၀၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်မြို့နယ်သပြေအေးကျေးရွာကို ဒီကနေ့ဧပြီလ (၂)ရက်နေ့ နံနက်(၃)နာရီဝန်းကျင်မှာ ရဲနဲ့စစ်တပ်ကလာဝိုင်းရာ ပစ်ခတ်မှုဖြစ်ပြီး ရွာသား(၄)ဦးကျည်ဆံထိမှန်ကာ (၄)ဦးအဖမ်းခံထားရတယ်လို့ သိရပါတယ်။

"သူတို့ကကျုပ်ကိုလိုချင်တာ၊ မနက်သုံးနာရီကျော်လောက်ကတည်းကလာဝိုင်းတာ၊အင်အား(၁၀၀)ကျော်လောက်ရှိတယ်၊ကျုပ်ကိုမမိလို့ရွာသား(၄)ယောက်ကို ဓားစာခံလုပ်ပြီးဖမ်းသွားတယ်၊အခုတော့တပ်ဆုတ်သွားကြပြီ" လို့သပြေအေးဆရာတော် ဦးသောပါက ကဆိုပါတယ်။

လက်ရှိအခြေအနေမှာ သပြေအေးရွာကို ရဲနဲ့စစ်တပ်ကဝိုင်းပစ်တဲ့အတွက် ယင်းမာပင်မြို့နယ်နဲ့ကနီမြို့နယ်ကျေးရွာတွေက သပိတ်ဦးဆောင်အဖွဲ့တွေဟာ သပြေအေးရွာကိုသွားနိုင်တဲ့လမ်းတွေကို ပိတ်ဆို့တားဆီးထားတယ်လို့လည်းသိရပါတယ်။


ထွန်းတောက် 

Voice of Myanmar

https://www.facebook.com/VoiceofMyanmarNews



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ