ပဲခူး အခမဲ့ဆေးကုသရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာနေမျိုးကို တိုင်းစီမံကောင်စီ ဖမ်းဆီးခေါ်ဆောင်သွား



Share/Bookmark



ဧပြီ ၂-၂၀၂၁

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်မှာ ကိုဗစ်ကာလ ဖျားနာလူနာများကို  အခမဲ့ဆေးကုသရေး လုပ်ငန်းတွေ အားသွန်ခွန်စိုက်ပြုလုပ်ခဲ့သလို တပ်မတော်က အာဏာရယူ ထိန်းသိမ်းပြီးနောက် အခမဲ့ဆေးကုသရေးလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်နေတဲ့ ဒေါက်တာနေမျိုးကို ဒီနေ့ ဧပြီ ၂ ရက် မွန်းလွဲပိုင်းမှာတိုင်းစီမံကောင်စီက တိုင်းရဲတပ်ဖွဲ့ရုံးထဲကို ဖမ်းခေါ်သွားတယ်လို့ စုံစမ်းသိရှိရပါတယ်။

“ဆရာက သူ့အိမ်မှာလည်း ဆေးခန်းဖွင့် သလို ဒက္ခိဏသာခါဘုန်းကြီးကျောင်းက သုခကုသိုလ်ဖြစ်ဆေးခန်းမှာလည်းထိုင်တယ်။ဆေးခန်းကအပြန် ဝင်ဆွဲခံရတယ်လို့ သိရတယ်”လို့ ဒေါက်တာနေမျိုးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒေါက်တာ နေမျိုးကို ဒီနေ့ မွန်းလွဲပိုင်းလောက် မှာ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှုးက မေးမြန်စရာရှိတယ်လို့ဆိုပြီးလုံခြုံရေးအဖွဲ့ဝင်တစ်ချို့က လာဖမ်းဆီးသွားတာဖြစ်ပြီး လက်ရှိ  အချိန်ထိခေါ်ယူထားဆဲ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


KLY(VOM)

Voice of Myanmar

https://www.facebook.com/VoiceofMyanmarNews



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ