ဒေါက်တာမြင့်နိုင်နှင့် ဥပဒေချုပ် အချုပ်လွတ်ထုချေခွင့် အာမခံ မရ




မုံရွာ၊ဧပြီ - ၂

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ - ၅၀၅(ခ)ဖြင့် အမှုဖွင့်ခံထားရသော စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဥပဒေချုပ် ဦးခင်မောင်လှတို့ကို ယနေ့နေ့လည်ပိုင်းက မုံရွာအကျဥ်းထောင်တွင် ရုံးထုတ်ခဲ့သည်။

အမှုအတွက် ၎င်းတို့ရှေ့နေများမှ အချုပ်လွတ်ထုခြေခွင့်ရရန်အတွက်အာမခံလျှောက်ထားခြင်းကို တရားရုံးကခွင့်မပြုခဲ့ဟု ဆိုသည်။

" ဒီနေ့မုံရွာအကျဥ်းထောင်က ဓမ္မာရုံမှာ တရားခွင်ဆင်ပြီး စစ်ဆေးပါတယ်။အမှုနဲ့ပတ်သတ်ပြီး ခုခံရမယ့်လမ်းကြောင်းတွေကို သူကအကြံပြုပါတယ်။လူတွေ့ခွင့်ရခဲ့ပါတယ်။ကျန်းမာရေးလည်း ကောင်းပါတယ်။ "ဟု တရားလွှတ်တော်ရှေ့နေ ဦးမိုးဇော်ထွန်းက ပြောသည်။

ဝန်ကြီးချုပ်ကို မုံရွာခရိုင်အုပ်ချုပ်ရေးမှုးရုံးမှ လက်ထောက်ညွှန်ကြားရေးမှုးက လည်းကောင်း၊ဥပဒေချုပ်ကို မုံရွာဒုမြို့နယ်အုပ်ချုပ်ရေးမှူးက လည်းကောင်း တရားလိုပြုလုပ်၍ အမှုဖွင့်ခဲ့သည်။

တရားလိုများကို ယခုလ ၆ရက်နေ့တွင် စတင်စစ်ဆေးမည်ဖြစ်သည်။

ပုဒ်မ ၅၀၅ (ခ) သည် နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေ ထိခိုက်သည့်ပြစ်မှုတစ်ဦးတစ်ယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကိုလည်းကောင်း၊ အများပြည်သူတို့၏သီးခြားလူတစ်စုကိုသော်လည်းကောင်း၊ ကြောက်

ခြင်း၊ ထိတ်လန့်စေခြင်း၊ တစ်ခုခုဖြစ်စေရန်အကြံရှိလျှင်  ၂ နှစ်အထိ ထောင်ဒဏ်တမျိုးကို ဖြစ်စေ၊ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်သည်ဟု ပြဌာန်းထားသည်။


Monywa Gazette

https://www.facebook.com/monywagazette

ဒေါက်တာမြင့်နိုင်နှင့် ဥပဒေချုပ် အချုပ်လွတ်ထုချေခွင့် အာမခံ မရ ဒေါက်တာမြင့်နိုင်နှင့် ဥပဒေချုပ် အချုပ်လွတ်ထုချေခွင့် အာမခံ မရ Reviewed by THITHTOOLWIN on 23:10 Rating: 5

No comments:

Powered by Blogger.