ထိုင်းနယ်စပ် အနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားနေ



Share/Bookmark


စစ်ရေးပြ အခမ်းအနားတခုမှာ တွေ့ရတဲ့ KNU တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်။ တိုက်ပွဲ ဖြစ်ပွားတဲ့ နေရာတချို့။ ဆန္ဒပြသူများကို လုံခြုံရေး ယူပေးနေတဲ့ KNU တပ်ဖွဲ့ဝင် ၁ ဦး။

ဘန်ကောက်၊ ဧပြီ ၂၈၊ ၂၀၂၁

ထိုင်းနယ်စပ် အနီး KNU ထိန်းချုပ်နယ်မြေရှိ မြန်မာစစ်တပ် တပ်စခန်း တခုမှာ ဧပြီ ၂၆ ရက်နေ့ အစောပိုင်းက တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ် လို့ Reuters သတင်းက ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားခဲ့ပြီး အရာရှိတချို့ကိုလည်း ဖမ်းဆီး ရမိခဲ့တယ်လို့ ကရင် အမျိုးသား အစည်းအရုံး (KNU)က ပြောကြားတယ်လို့လည်း ဆိုပါတယ်။

အရှေ့တောင် အာရှနိုင်ငံများ အသင်း (အာဆီယံ) ခေါင်းဆောင်တွေက မြန်မာပြည်တွင်း အကြမ်းဖက်မှု အဆုံးသတ်ရေးနဲ့ ပတ်သက်လို့ စစ် အစိုးရ နဲ့ သဘောတူညီမှုရပြီး နောက်ရက်တွေမှာ တိုက်ပွဲများ ဖြစ်ပွားခဲ့ တာ ဖြစ်တယ်လို့လည်း Reuters က ဆက်လက် ဖော်ပြပါတယ်။

ထိုင်းနိုင်ငံဘက်က သံလွင်မြစ်တလျှောက်ရှိ ရွာသူ ရွာသားတွေက မနက်ပိုင်းမှာ ပစ်ခတ်မှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့တယ်လို့ ပြောဆို ကြပါတယ်။

ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ ရုပ်သံတစ်ခုမှာလည်း တောင်ကုန်းတစ်ခု ပေါ်က သစ်တောမှာ မီးလောင်နေတာကို မြင်တွေ့ ရပါတယ်။

KNU တပ်တွေက မနက် ၅ နာရီကနေ ၆ နာရီခန့်မွာ တပ်စခန်းကို သိမ်းပိုက်လိုက်တယ်လို့ KNU အဖွဲ့က နိုင်ငံခြားရေးရာ အကြီးအကဲ ပဒိုစောတောနီက Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

သူက သေဆုံးမှုနဲ့ထိခိုက်မှုတွေကို စစ်ဆေးနေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

အခြားနေရာတွေမှာလည်း တိုက်ခိုက်မှုတွေရှိခဲ့ပေမယ့် အသေးစိတ် မသိရသေးဘူးလို့ သူက ဆက်လက်ပြောကြားပါတယ်။

ကရင်ပြန်ကြားရေး ဌာနက အစိုးရ စစ်တပ်စခန်းတွေ ဖျက်ဆီး ခံလိုက် ရတယ်လို့ ပြောဆိုပြီး ဒေသခံ ရွာသားတွေကလည်း အစိုးရတပ်က စစ်သား ၇ ယောက် ထွက်ပြေးသွားတာကို တွေ့ရတယ်လို့ ပြောကြားကြ ပါတယ်။

မြန်မာ စစ်တပ်ကတော့ ချက်ချင်း မှတ်ချက် မပေးခဲ့ပါဘူး။

စစ်သားတွေနဲ့ အဆက်အသွယ်ရှိတဲ့ ထိုင်း ရွာသူရွာသားတွေက အဆိုပါ စခန်းကို KNU တပ်ဖွဲ့တွေက ဝိုင်းရံထားပြီး မကြာသေးခင် ရက်သတ္တ ပတ်တွေအတွင်း ရိက္ခာပြတ်လပ်နေတယ်လို့ ပြောဆိုကြပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း အစိုးရစစ်တပ်နဲ့ KNU တပ်တွေဟာ အခြား နေရာတွေမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ Reuters က ဆိုပါ တယ်။

အစိုးရတပ်က လေကြောင်း တိုက်ခိုက်မှုတွေ အပါအဝင် အကြမ်းဖက်မှု တွေကြောင့် လူပေါင်း ၂၄၀၀၀ ခန့် တောထဲမှာ ပုန်းအောင်း ခိုလှုံနေကြရ တယ်လို့လည်း ပြောဆိုကြပါတယ်။

သေဆုံးသူနဲ့ ဖမ်းဆီးမှုတွေကို စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့တစ်ဖွဲ့ရဲ့ အဆိုအရ မြန်မာနိုင်ငံရှိ လက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့ အနက် တချို့ အဖွဲ့ တွေက စစ်အစိုးရ ဆန့်ကျင်သူတွေကို ထောက်ခံခဲ့ကြပြီး စစ်တပ် အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ အရပ်သား ၇၅၀ ကျော်ကို သတ်ဖြတ် ခဲ့တယ်လို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင် အနောက်မြောက်ပိုင်းက ထိုင်း အရာရှိ တစ်ဦးကတော့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံအတွင်း သေဆုံးမှုနဲ့ ပတ်သက်တဲ့ သတင်းတွေ မရှိသေးဘူး လို့ ပြောကြားပါတယ်။

ပဋိပက္ခကနေ လွတ်မြောက်ဖို့ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အာဆီယံ ခေါင်းဆောင်တွေကြား နည်းလမ်း ရှာဖွေ ကြိုပမ်းနေစဉ်အတွင်း သွေးထွက်သံယိုမှု သတင်း အနည်းငယ်သာ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဧပြီလ ၂၆ ရက်နေ့က မန္တေလးမြို့မှာ အနည်းဆုံး လူ ၁ ဦး သေဆုံးခဲ့တယ်လို့ မြန်မာမီဒီယာတွေက ဖော်ပြခဲ့ပြီး အခြေအနေတွေကို မသိရေသးဘူးလို့လည်း Reuters က ဆက်လက် ဖော်ပြထားပါတယ်။


Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews 



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ