တောင်ကြီးမှာ Smoke ဗုံး ၇ လုံးခန့်နဲ့ အတူ လူငယ် ၁ ဦး ရိုက်နှက် ဖမ်းဆီးခံရ

ပုံစာ - ရိုက်နှက် ဖမ်းဆီးခံရတဲ့ စည်သူထွေး (ခ) စိုးမိုးအောင်။

တောင်ကြီး၊ မတ် ၂၅၊ ၂၀၂၁ 

ရှမ်းပြည်နယ် တောင်ကြီးမြို့ ချမ်းမြသာစည် ရပ်ကွက်မှာ မတ်လ ၂၄ ရက် ညပိုင်းက လူငယ် ၁ ဦး Smoke ဗုံး ၇ လုံးခန့်နဲ့ အတူ ရိုက်နှက် ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။  

“သူငယ်ချင်းအိမ်က ပြန်လာတာ နည်းနည်း မိုးချုပ်သွားတာ၊ ဆိုင်ကယ်ကိုတွန်းလဲှ လူကိုရိုက်နှက်ပြီး ဖမ်းသွားတာ။ ဆိုင်ကယ် ထဲမှာ Smoke ဗုံးတွေ ပါသွားတယ်။ တောင်လေးလုံးကို ပို့လိုက်ပြီ လို့ လည်း ပြောတယ်။ ဒါပေမယ့် အဲဒါလည်း မသေချာဘူး”လို့ ဖမ်းဆီးခံရသူရဲ့ အစ်ကိုအရင်း ဖြစ်သူက ရွှေတြိဂံဒေသ သတင်း ဌာနကို ပြောပါတယ်။ 

အဲဒီ ဖမ်းဆီးခံရတဲ့ စည်သူထွေး (ခ) စိုးမိုးအောင်ဟာ ရွှေတောင် ရပ်ကွက်မှာ နေသူဖြစ်ပြီး နေအိမ်ကို ပြန်လာတဲ့အချိန် ချမ်းမြ သာစည်ရပ်ကွက်ထဲမှာ ရိုက်နှက်ဖမ်းဆီး ခံခဲ့ရတယ်လို့ ဆိုပါ တယ်။ 


ရွှေတြိဂံဒေသ သတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

တောင်ကြီးမှာ Smoke ဗုံး ၇ လုံးခန့်နဲ့ အတူ လူငယ် ၁ ဦး ရိုက်နှက် ဖမ်းဆီးခံရ  တောင်ကြီးမှာ Smoke ဗုံး ၇ လုံးခန့်နဲ့ အတူ လူငယ် ၁ ဦး ရိုက်နှက် ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 05:48 Rating: 5

No comments:

Powered by Blogger.