တောင်ဒဂုံမှာ ဧရာဘဏ်ဝန်ထမ်း အမျိုးသမီးတစ်ဦး စစ်ကောင်စီ ပစ်ခတ်မှုကြောင့်သေဆုံး

ရန်ကုန်မြို့အ‌ရှေ့ပိုင်းက တောင်ဒဂုံ မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေပစ်ခတ်မှုကြောင့် မတ်လ ၂၈ ရက်နေ့ကအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေ အများအပြားရှိတယ်လို့ တောင်ဒဂုံမြို့နယ်က ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

သေဆုံးခဲ့သူဟာ ဧရာဝတီဘဏ်ဝန်ထမ်းတစ်ဦးဖြစ်တဲ့ မခိုင်ဇာသွယ်ဖြစ်ပြီး စစ်ကောင်စီတပ်တွေပစ်ခတ်မှုကြောင့် မျက်လုံးကိုကျည်ထိမှန်ပြီး သေဆုံးခဲ့တာဖြစ်တယ်လို့လည်း ရန်ကုန်က ဧရာဝတီဘဏ် ဝန်ထမ်းတွေက နေတစ်ဆင့်သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ တောင်ဒဂုံမြို့နယ်ထဲမှာ မတ်လ ၂၈ ရက်နေ့က ပစ်ခတ်မှုတွေရှိနေပြီး တောင်ဒဂုံ ၂၀ ရပ်ကွက်နဲ့ ၅၄ ရပ်ကွက်‌တွေဘက်မှာ ဒဏ်ရာရသူ‌တွ‌ေ ရှိကြောင်း နဲ့ ခေါင်းကိုထိထားတဲ့ ဒဏ်ရာရသူတွေ အပါအဝင်လူ ၁၀ ဦးခန့် ဒဏ်ရာတွေရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

တောင်ဒဂုံမှာ ဧရာဘဏ်ဝန်ထမ်း အမျိုးသမီးတစ်ဦး စစ်ကောင်စီ ပစ်ခတ်မှုကြောင့်သေဆုံး တောင်ဒဂုံမှာ ဧရာဘဏ်ဝန်ထမ်း အမျိုးသမီးတစ်ဦး စစ်ကောင်စီ ပစ်ခတ်မှုကြောင့်သေဆုံး Reviewed by THITHTOOLWIN on 05:46 Rating: 5

No comments:

Powered by Blogger.