ကလေးတွင်သပိတ်စစ်ကြောင်း ပစ်ခတ်မှု ၂ဦးကျဆုံး



မုံရွာ၊မတ်-၂၈

စစ်ကိုင်းတိုင်း ကလေးမြို့၊တာဟန်းရပ်တွင် သပိတ်စစ်ကြောင်းကို ယနေ့နေလည် နှစ်နာရီခန့်က ပစ်ခတ်ရာ အမျိုးသမီး တစ်ဦးနှင့် လူငယ်တစ်ဦးကျဆုံးသည်။

ကလေးမြို့အခြေစိုက် Women for Justice (WJ) အဖွဲ့ဒါရိုက်တာ မအားခူ(၃၇နှစ်)သည် ရင်ဘတ်ကျည်ထိမှန်ပြီး ညနေ လေးနာရီခန့်က ကျဆုံးခဲ့သည်။

ချင်းအမျိုးသား လူငယ် ဆန်းသဲရာ( ၂၀နှစ်)သည် ရင်ဘတ်ကျည်ထိမှန်ပြီး ညနေ ၅နာရီခွဲခန့်က  ကျဆုံးခဲ့သည်။

" တာဟန်းကနေ ချင်းပြည်နယ်ကိုတက်တဲ့လမ်းမကြီးပေါ်မှာ သပိတ်အဖွဲ့၊ စစ်တပ်နဲ့ရဲတို့နဲ့ ထိပ်တိုက်တွေ့ကြပြီး ပစ်တာပါ။ဒဏ်ရာရတဲ့သူလည်းများတယ်။အခုညနေစောင်းထိကို သေနတ်တွေနဲ့ ပစ်နေတုန်းပဲ။"ဟု မြို့ခံတစ်ဦးကပြောသည်။

ကလေးမြို့ တာဟန်းရပ်ကွက်ရှိ ဆန္ဒပြလူထုကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖြိုခွင်းခဲ့သဖြင့် ဒဏ်ရာရှိသူ ၁၀ဦးခန့်ရှိသည်။


Monywa Gazette

https://www.facebook.com/monywagazette/

ကလေးတွင်သပိတ်စစ်ကြောင်း ပစ်ခတ်မှု ၂ဦးကျဆုံး ကလေးတွင်သပိတ်စစ်ကြောင်း ပစ်ခတ်မှု  ၂ဦးကျဆုံး Reviewed by THITHTOOLWIN on 04:48 Rating: 5

No comments:

Powered by Blogger.