ပဲခူးက စစ်ကောင်စီပစ်လို့သေဆုံးသူ နာရေး ပစ်ခတ်ဖြိုခွဲခံရ

မတ်လ ၂၇ ရက်နေ့က ပဲခူးမြို့မှာ အာဏာသိမ်း စစ်ကောင်စီ ပစ်ခတ်မှုကြောင့် ကျည်ထိမှန်လို့ သေဆုံးခဲ့ပြီး ဘုရားကြီးမြို့မှာ မတ်လ ၂၈ ရက်နေ့က နာရေးပြန်လုပ်ခဲ့တဲ့ ဗကသ ကျောင်းသား အစ္စလာမ်ဘာသာဝင် ကိုသဲမောင်မောင်ရဲ့နာရေးမှာ သင်္ချိုင်းထဲ အထိ ဝင်ရောက် ပစ်ခတ်တာတွေရှိခဲ့တယ်လို့ ဘုရားကြီးမြို့ခံတစ်ဦးက ဘီဘီစီကိုပြောပြပါတယ်။

နာရေး အခမ်းအနားမှာ ကမ္ဘာမကြေဘူး သီချင်း သီဆိုနေစဥ် စစ်ကားနှစ်စီးရောက်လာတာဖြစ်ပြီးတဲ့နောက်မှာ ပစ်ခတ်ခဲ့တာလို့လည်း သူကပြောပါတယ်။

ထွက်ပြေးတဲ့ လူတွေကိုလက်ခံထားတဲ့ အိမ်ရှင်ကိုလည်းသေနတ်ဒင်နဲ့ အထုခံရတာကြောင့် ခေါင်းမှာဒဏ်ရာရထားပြီးတော့ လူ၄၀ လောက်လည်း အဖမ်းခံရကြောင်းလည်း သူကပြောပါတယ်။

မနေ့က မတ်လ ၂၇ ရက်နေ့ တပ်မတော်နေ့အတွင်းသေဆုံးခဲ့ရတဲ့သူလူ ၁၀၀ ကျော်ခန့်ရှိပြီး အဲ့ဒီသေဆုံးသူတွေနာရေးကို လူအနည်းငယ်နဲ့သာ တိတ်တဆိတ်နာရေးပြုလုပ်ဖို့ တပ်ကလာရောက် သတိပေးခံရတဲ့ နာရေးရှင်တွေရှိခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

ပဲခူးက စစ်ကောင်စီပစ်လို့သေဆုံးသူ နာရေး ပစ်ခတ်ဖြိုခွဲခံရ  ပဲခူးက စစ်ကောင်စီပစ်လို့သေဆုံးသူ နာရေး ပစ်ခတ်ဖြိုခွဲခံရ Reviewed by THITHTOOLWIN on 06:01 Rating: 5

No comments:

Powered by Blogger.