ဖက်ဆစ်တော်လှန်ရေးနေ့ဆန္ဒပြမှုများ ပစ်ခတ်ခံရ ၉ ၀ ထက်မနည်းသေဆုံး



Share/Bookmark
မတ်လ ၂၇ ရက်ကို ဖက်ဆစ်တော်လှန်ရေးနေ့အဖြစ် ဆန္ဒပြမြင်ကွင်း။

မြန်မာနိုင်ငံမှာ ဒီကနေ့ မတ်လ ၂၇ ရက်နေ့မှာ တပ်မတော်နေ့အခမ်းအနား ကျင်းပတဲ့နေ့မှာပဲ နိုင်ငံတဝှမ်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြကြသူတွေကို အကြမ်းဖက်ဖြိုခွင်းမှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ဒီနေ့တရက်တည်းမှာတင် ညနေစောင်းအထိ လူ ၉၀ ထက်မနည်း သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

အခုချိန်ထိ နောက်ဆုံးရရှိတဲ့ စာရင်းတွေအရ ရန်ကုန်တိုင်း၊ ဒလမြို့နယ်တခုတည်းမှာ မနေ့ညက သေဆုံးတာအပါအဝင် သေဆုံးသူ ၁၂ ဦးရှိပါတယ်။ မန္တလေးမြို့မှာ ဒီကနေ့ လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့သလို ပြင်ဦးလွင်မှာ သေဆုံး သူ ၅ ဦးထက်မနည်း၊ မိတ္ထီလာမှာ ၄ ဦးထက်မနည်း၊ ပခုက္ကူမှာ ၃ ဦး၊ ရန်ကုန် အင်းစိန်မှာ ၃ ဦးထက်မနည်းနဲ့ ရန်ကုန်တိုင်းအတွင်းက တခြားမြို့တွေမှာလည်း သေဆုံးသူတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် မိုးကုတ်မှာ ၂ ဦးထက်မနည်း၊ ပုသိမ်မှာ ၂ ဦးထက်မနည်း၊ ကျောက်ပန်းတောင်းမှာ ၂ ဦး၊ နိုင်ငံတဝန်းက မြို့နယ်ပေါင်း အနည်းဆုံး ၂၃ မြို့နယ်မှာ သေဆုံးသူတွေ ရှိနေပါတယ်။

သေဆုံးသူတွေထဲ အသက်မပြည့်သေးတဲ့ ၁၃ နှစ်၊ ၁၄ နှစ်အရွယ် လူငယ်တွေပါ ပါပါတယ်။

ဆယ်ကျော်သက်အရွယ် သူ့သားလေး သေသွားလို့ ပူဆွေး သောကရောက်နေတဲ့ ဖခင်ဖြစ်သူတဦးရဲ့ အသံဖြစ်ပါတယ်။ ဒီကနေ့ အကြမ်းဖက် ပစ်ခတ်မှုတွေထဲ အသက် ၁ နှစ်အရွယ် ကလေးငယ်လေးတဦးလည်း မျက်လုံးကို ရာဘာကျည်ဆန် ထိမှန်သွားတယ်လို့ သိရပါတယ်။

ဒီကနေ့ သေဆုံးသူ အရေအတွက်ဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူတွေကို လက်နက်ကိုင်တပ်ဖွဲ့တွေက အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့အထဲ အသေအပျောက်အများဆုံးနေ့လည်း ဖြစ်ပါတယ်။

ဆန္ဒပြသူ လူငယ်တွေအနေနဲ့ နောက်စေ့နဲ့ နောက်ကျောကို ပစ်ခတ်ခံရပြီး အသက်ဆုံးရှုံးရနိုင်တယ်ဆိုတဲ့ သတိပေး ကြေညာချက်တွေ မြန်မာ့ရုပ်မြင်သံကြားက သောကြာနေ့မှာ ထုတ်လွှင့် ပြောဆိုအပြီး နောက်နေ့မှာ အခုလို ပစ်ခတ် ဖြိုခွင်းမှုတွေ အရှိန်မြင့် ဖြစ်ပေါ်လာတာပါ။ 


ဗွီအိုအေ (မြန်မာဌာန)

https://burmese.voanews.com/a/military-coup-march-27-revolution-day-armed-force-day-killed-more-50/5830564.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ