ပိတ်ဆို့ထားတဲ့ လမ်းတွေကို စစ်တပ်က လာရောက်ရှင်းလင်းချိန် အမျိုးသားတစ်ဦးရဲ့ လည်ပင်းကို ကျည်ဆံထိမှန်


မန္တလေး စစ်ကိုင်းမန္တလေးလမ်းနဲ့ ဘိုအိမ်လမ်းထောင့်မှ ညနေ ၅နာရီ ၃၅ အချိန်က လမ်းရှင်းရင်းနဲ့ စစ်ကားပေါ်ကဆင်းပစ်သွားလို အသက် ၃၀ကျော် အမျိုးသားတဦး လည်ပင်းကျည်ထိမှန်

မန္တလေး၊ မတ် ၂၇- ၂၀၂၁

မန္တလေးမြို့ ၈၄ လမ်း ဗိုလ်အိမ်လမ်းဒေါင့် (စစ်ကိုင်း- မန္တလေး) လမ်းပေါ်မှာ ပိတ်ဆို့ထားတဲ့ လမ်းတွေကို လာရောက်ရှင်းလင်းချိန်မှာ ပစ်ခတ်မှုတွေရှိခဲ့တာကြောင့် အမျိုး သားတစ်ဦးရဲ့ လည်ပင်းကို ကျည်ဆန်ထိမှန်ခဲ့ပါတယ်။
အဲ့ဒီအမျိုးသားကိုတော့ ကယ်ဆယ်ရေး အဖွဲ့တစ်ဖွဲ့က လာရောက်ကူညီကယ်ဆယ်ခဲ့ကာ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ဒီကနေ့ မန္တလေးမြို့မှာ ပစ်ခတ်မှုတွေကြောင့် သေဆုံးသူ ၁၀ ဦးရဲ့ အထက်မှာရှိသလို ဖမ်းဆီးခံရသူဦးရေ အများအပြားရှိတယ်လို့ သိရပါတယ်။

ရှိုင်းအောင်(VOM)
Voice of Myanmar






ပိတ်ဆို့ထားတဲ့ လမ်းတွေကို စစ်တပ်က လာရောက်ရှင်းလင်းချိန် အမျိုးသားတစ်ဦးရဲ့ လည်ပင်းကို ကျည်ဆံထိမှန် ပိတ်ဆို့ထားတဲ့ လမ်းတွေကို စစ်တပ်က လာရောက်ရှင်းလင်းချိန် အမျိုးသားတစ်ဦးရဲ့ လည်ပင်းကို ကျည်ဆံထိမှန် Reviewed by THITHTOOLWIN on 18:18 Rating: 5

No comments:

Powered by Blogger.