ရွေးကောက်ခံအစိုးရမတက်သရွေ့ မြန်မာနဲ့ကုန်သွယ်ရေးဆိုင်ရာတွေကို အမေရိကန် ဆိုင်းငံ့မယ်

မြန်မာနိုင်ငံမှာ ရွေးကောက်ခံအရပ်သားအစိုးရ မတက်သေးသရွေ့ ၂၀၁၃ ခုနှစ် ကုန်သွယ် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်အောက်မှာ လုပ်နေတဲ့ ကုန်သွယ်ရေးဆိုင်ရာအားလုံးကို ချက်ချင်း ဆိုင်းငံ့မယ့်အကြောင်း အမေရိကန် ကုန်သွယ်ရေး၀န်ကြီး ကတ်သရင်းတိုင်က ပြောလာပါတယ်။ မြန်မာ့လုံခြုံရေးတပ်ဖွဲ့၀င်တွေဟာ ငြိမ်းချမ်းစွာဆန္ဒပြသူတွေ၊ ကျောင်းသားတွေ၊ လုပ်သားတွေနဲ့ အလုပ်သမားခေါင်းဆောင်တွေ၊ ကလေးတွေကို သတ်ဖြတ်နေတာဟာ နိုင်ငံတကာအသိုက်အ၀န်းအတွက် အတုန်လှုပ်ကြီး တုန်လှုပ်စေတယ်လို့ တိုင်က သူ့ကြေညာချက်ထဲ ထည့်ပြောထားပါတယ်။

Quote Message: 'ဒီလုပ်ရပ်တွေဟာ နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ငြိမ်းချမ်းဝပြောတဲ့အနာဂတ်ရရေး ဗမာပြည်သူတွေရဲ့ အားထုတ်မှုတွေကို တိုက်ရိုက် တိုက်ခိုက်မှုဖြစ်တယ်ယ်။ from ကတ်သရင်းတိုင် အမေရိကန်ကုန်သွယ်ရေး၀န်ကြီး'ဒီလုပ်ရပ်တွေဟာ နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ငြိမ်းချမ်းဝပြောတဲ့အနာဂတ်ရရေး ဗမာပြည်သူတွေရဲ့ အားထုတ်မှုတွေကို တိုက်ရိုက် တိုက်ခိုက်မှုဖြစ်တယ်ယ်။

၂၀၁၃ မူဘောင် သဘောတူညီချက်ကို ဆိုင်းငံ့လိုက်တာအပြင် သူ့အနေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတချို့ကိုပေးတဲ့အမေရိကန်ကုန်သွယ်ခွန်လျှော့ပေါ့ပေးတဲ့ကိစ္စနဲ့ အကူးကုန်သွယ်ခွင့်တွေပေးထားတာတွေကို ကာလဒေသနဲ့အညီ အပြောင်းအလဲလုပ်ဖို့ ကွန်ဂရက်စ်လွှတ်တော်နဲ့အတူ လုပ်ဆောင်သွားဖို့ရှိပြီး ၀န်ကြီးဌာနအနေနဲ့လည်း မြန်မာ့အခြေအနေကို ပြန်သုံးသပ်နေမယ်လို့လည်း ဆိုပါတယ်။

ဒီအခွင့်အရေးတွေမှာ ပါဝင်နိုင်ဖို့ ဆိုရင် သက်ဆိုင်ရာနိုင်ငံတွေဟာ လုပ်သားအခွင့်အရေးအာမခံနိုင်မှုရှိရမှာဖြစ်ပါတယ်။

တိုင်ကတော့ မြန်မာ့စစ်ခေါင်းဆောင်တွေဟာ ဒီမိုကရေစီရရှိရေး ဆန္ဒပြပွဲတွေမှာပါဝင်တဲ့ ကုန်သွယ်သမဂ္ဂတွေ၊ အလုပ်သမားတွေကို ပစ်မှတ်ထားနေတယ်ဆိုတဲ့သတင်းတွေဟာ စိုးရိမ်စရာအခြေအနေလို့လည်း ပြောထားပါတယ်။

မြန်မာနိုင်ငံက နိုင်ငံတကာနဲ့ ‌ရောင်းဝယ်မှုတွေလုပ်နေတဲ့ ကုမ္ပဏီတွေရဲ့ ဒေါ်လာ ‌ငွေစာရင်းတွေကို ဘဏ်တွေကနေထုတ်ယူလို့မရအောင်ပိတ်ထားကြောင်း ပြည်တွင်းကုမ္ပဏီလုပ်ငန်းရှင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အခုလို ပိတ်ထားတဲ့ အတွက် ပို့ကုန် သွင်းကုန်လုပ်ငန်း ခရီးသွားလုပ်ငန်းအပါအဝင် နိုင်ငံတကာနဲ့ ဆက်သွယ်ရောင်းဝယ်နေတဲ့ လုပ်ငန်းတွေ အတော်များများ အလုပ်လုပ်လို့ မရအောင်ဖြစ်နေတယ်လို့လည်းပြောပါတယ်။

စစ်အာဏာမသိမ်းခင်က ကုမ္ပဏီတွေရဲ့ဒေါ်လာစာရင်းတွေက တစ်ရက်ဒေါ်လာ ၅၀၀၀ နဲ့ တစ်ပတ်ကို ဒေါ်လာတစ်သောင်းအထိ ထုတ်နိုင်ခဲ့ပြီး အခုရက်ပိုင်း ဘဏ်တွေပြန်ဖွင့်တဲ့ အချိန်မှာ စစ်ကောင်စီ ဗဟိုဘဏ်ညွှန်ကြားချက်နဲ့ ဆိုပြီး ထုတ်မရဘဲ အကောင့်ပိတ်ထားတယ်လို့ပြောကြောင်း သူကပြောပါတယ်။

အခုလိုဒေါ်လာငွေစာရင်းတွေကို ပိတ်ထားတဲ့ အပြင် ဘဏ်စာရင်းကနေ ဒေါ်လာကနေ မြန်မာငွေပြောင်းတာကိုလည်းပိတ်ထားသလို အွန်လိုင်း ငွေလွှဲတာကိုလည်းပိတ်ထားအတွက် အခက်အခဲဖြစ်နေရတယ်လို့လည်း လုပ်ငန်းရှင်တွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ တရားဝင်လုပ်ကိုင်နေတဲ့ ကုမ္ပဏီ ၅ သောင်းကျော်ခန့်ရှိပြီး ကုမ္ပဏီတွေဟာ နိုင်ငံခြားငွေရလမ်း‌ဖော်ပြ ပြီးတရားဝင်အခွန်ဆောင်ပြီး ဒေါ်လာငွေစာရင်းတွေဖွင့်ထားခဲ့ကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ ပုဂ္ဂလိကဘဏ်တွေနဲ့ ဗဟိုဘဏ်ဘက်က တုံ့ပြန်မှုတွေကိုတော့ မေးလို့မရသေးပါဘူး။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

ရွေးကောက်ခံအစိုးရမတက်သရွေ့ မြန်မာနဲ့ကုန်သွယ်ရေးဆိုင်ရာတွေကို အမေရိကန် ဆိုင်းငံ့မယ် ရွေးကောက်ခံအစိုးရမတက်သရွေ့ မြန်မာနဲ့ကုန်သွယ်ရေးဆိုင်ရာတွေကို အမေရိကန် ဆိုင်းငံ့မယ် Reviewed by THITHTOOLWIN on 19:14 Rating: 5

No comments:

Powered by Blogger.