မြန်မာဒုက္ခသည်တွေကို ပြန်နှင်လွှတ်မယ့်အမိန့် မဏိပူရပြည်နယ်အစိုးရ ပြန်ရုပ်သိမ်း


အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ထဲ မြန်မာနိုင်ငံကနေ ထွက်ပြေးလာမယ့် ဒုက္ခသည်တွေကို ယဉ်ယဉ်ကျေးကျေး ပြန်နှင်လွှတ်ဖို့ အာဏာပိုင်တွေကို ညွှန်ကြားထားတဲ့ အမိန့်တစ်ရပ်ကို ပြည်နယ်အစိုးရက ပြန်ရုပ်သိမ်းလိုက်ပါတယ်။

မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်းကပ်နေတဲ့ မဏိပူရပြည်နယ်မှာ ဒေသန္တရ အာဏာပိုင်တွေ ဒါမှမဟုတ် အရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာနဲ့ ယာယီနေထိုင်စရာ တွေ ထောက်ပံ့ဖို့ စခန်းတွေ မဖွင့်ရဘူး ဆိုတဲ့ နို့တစ်စာ တစ်စောင်ကို ပြည်နယ်အစိုးရက ထုတ်ပြန်ထားတာပါ။ ဒါပေမဲ့ ဒီအမိန့်အပေါ် အဓိပ္ပာယ် ကောက်လွဲခဲ့တာ ဆိုပြီး အခုအခါ ပြန်ရုပ်သိမ်းသွားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့အပြီး အကြမ်းဖက် ပစ်ခတ်မှုတွေကြောင့် ထွက်ပြေးလာကြတဲ့ ဒုက္ခသည် ထောင်ပေါင်းများစွာကို အိန္ဒိယနိုင်ငံထဲ ဝင်ခွင့် ပိတ်ပင်ဖို့ ကြိုးစားခဲ့တာနဲ့ ပတ်သက်လို့ မဏိပူရပြည်နယ်နဲ့ ‌ဘေးချင်းကပ် မီဇိုရမ်ပြည်နယ်က ဒေသခံတွေက အကြီးအကျယ် ဒေါသထွက်နေကြပါတယ်။

မီဇိုရမ်ပြည်နယ်ထဲမှာ မြန်မာဒုက္ခသည် တစ်ထောင်ကျော်လောက် ထွက်ပြေး ခိုလှုံခဲ့ကြပါတယ်။

အခုအခါ မဏိပူရ ပြည်နယ်အာဏာပိုင်တွေက မြန်မာနိုင်ငံက ထွက်ပြေးလာမယ့် ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်တဲ့ ကူညီဆောင်ရွက်မှုတွေ အားလုံး လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

မြန်မာဒုက္ခသည်တွေကို ပြန်နှင်လွှတ်မယ့်အမိန့် မဏိပူရပြည်နယ်အစိုးရ ပြန်ရုပ်သိမ်း  မြန်မာဒုက္ခသည်တွေကို ပြန်နှင်လွှတ်မယ့်အမိန့် မဏိပူရပြည်နယ်အစိုးရ ပြန်ရုပ်သိမ်း Reviewed by THITHTOOLWIN on 19:16 Rating: 5

No comments:

Powered by Blogger.