KNU တပ်မဟာ ၅ နယ်မြေကို ဒီညနေ စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲ

KNU တပ်မဟာ ၅ နယ်မြေကို ဒီညနေ စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲ တောထဲမှာပုန်းနေရတဲ့ ကရင်ရွာသားတွေကို ၂၀၂၁ မတ် ၂၉ ရက်နေ့က တွေ့ရစဉ်

Photo: Friends Without Borders Foundation


ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ မဲပန်ဝနဲ့ မဲဝိုင်ရွာတွေပေါ်ကို မတ် လ ၃၀ ရက် ဒီနေ့ ညနေ ၃ နာရီလောက်မှာ အာဏာသိမ်းစစ်ကောင်စီက လေယာဉ်တွေနဲ့ ဗုံးကြဲ သွားတယ်လို့ မဲဝိုင်ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ရိက္ခာလမ်းကြောင်းကို ပြန်ဖွင့်ပေးဖို့နဲ့ အချိန် ၂၄ နာရီပဲပေးမယ်ဆိုတဲ့အပေါ် KNU က လက်မခံ ဘဲ ငြင်းဆိုလိုတာကြောင့် မနေ့ညကတည်းက တိုက်လေယာဉ်တွေကို နိမ့်နိမ့်လေး ပျံပြနေပြီးနောက် ဒီနေ့မှာ တော့ တိုက်လေယာဉ်နှစ်စင်းနဲ့ လာရောက်ပစ်ခတ်သွားတာာလို့ ဆိုပါတယ်။

သူတို့ကိုယ်တိုင်လည်း ကြောက်လန့်နေကြရပြီး အခြားဒေသခံရွာသားတွေကတော့ ထွက်ပြေးသွားကြပြီလို့ လည်း အမည်မဖော်လိုသူ အဲဒီဒေသခံကပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့တွေမှာလည်း အာဏာသိမ်းစစ်ကောင်စီက KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေထဲက ကျေးရွာတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးတွေအပါအဝင် အရပ်သားအချို့ သေဆုံးတာ ဒဏ်ရာရတာတွေရှိပြီး တစ်သောင်းလောက် နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။

ထိခိုက်သေဆုံးမှု ပျက်စီးမှုတွေကတော့ သူတို့အနေနဲ့ အပြင်မထွက်ရဲသေးလို့ ဘာမှမသိရသေးဘူးလို့လည်း ပြောပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/military-strike-knu-by-air-force-03302021061505.html

KNU တပ်မဟာ ၅ နယ်မြေကို ဒီညနေ စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲ  KNU တပ်မဟာ ၅ နယ်မြေကို ဒီညနေ စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲ Reviewed by THITHTOOLWIN on 19:12 Rating: 5

No comments:

Powered by Blogger.