ပဲခူးမြို့က သပိတ် အကြမ်းဖက် ဖြိုခွဲခံရ စကားမပြောတတ်သူ တစ်ဦး ခေါင်းကျည်ထိမှန် သေဆုံး



မတ် - ၁၁-၂၀၂၁

ဒီနေ့ မတ်လ ၁၁ ရက်နေ့ မနက် ၁၁ နာရီကျော်လောက်မှာ ပဲခူးမြို့ မဇင်းရပ်ကွက် ၁ လမ်း သပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွဲခဲ့တဲ့အတွက် စကားမပြောတတ်သူတစ်ဦး ဦးခေါင်းကျည်ထိမှန် သေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

"ရွှေအလို့ခေါ်တဲ့ အမျိုးသားက ဆန္ဒပြပွဲလိုက်လာသူ မဟုတ်ဘူး။ ရုတ်ရုတ်ဖြစ်ချိန် ပစ်ခတ်ဖြိုခွဲတာ‌တွေ ကြည့်နေရင်း အပစ်ခံရတာ။ တစ်ဦးလည်း ကျည်ထိမှန်ထားပြီး ဖမ်းဆီးစာရင်း မဇင်းဖြစ်စဉ် မသိရသေးဘူး" လို့ ပဲခူးမြို့ခံ တစ်ဦးကပြောပါတယ်။

ဒီနေ့မနက်ပိုင်းက ပဲခူးမြို့မှာ သပိတ်စစ်ကြောင်းတွေ ခွဲထုတ်ကာ နေရာအလိုက်ဆန္ဒဖော်ထုတ်ခဲ့ကြပြီး မနက် ၉ နာရီလောက်မှာ ဘုရားလမ်းသပိတ်စစ်ကြောင်း မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွဲခဲ့ပြီး နောက်ထပ် နှစ်နာရီခန့်အကြာမှာ မဇင်းရပ်ကွက် ၁ လမ်းသပိတ်ကို ထပ်မံဖြိုခွဲခဲ့တာ ဖြစ်ပါတယ်။

ဘုရားလမ်း သပိတ်စစ်ကြောင်းကို ဖြိုခွဲခံရပြီးနောက် တစ်ဦးဒဏ်ရာရပြီး ဆရာမအချို့ အပါအဝင် လူ ၃၀ နီးပါး ဖမ်းဆီးခံထားရသလို မဇင်းရပ်ကွက် သပိတ်စစ်ကြောင်းကို ဖြိုခွဲရာမှာတော့ ဒဏ်ရာရသူတစ်ဦးနဲ့ သေဆုံးသူတစ်ဦး ရှိခဲ့တာပါ။


Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

ပဲခူးမြို့က သပိတ် အကြမ်းဖက် ဖြိုခွဲခံရ စကားမပြောတတ်သူ တစ်ဦး ခေါင်းကျည်ထိမှန် သေဆုံး ပဲခူးမြို့က သပိတ် အကြမ်းဖက် ဖြိုခွဲခံရ စကားမပြောတတ်သူ တစ်ဦး ခေါင်းကျည်ထိမှန် သေဆုံး Reviewed by THITHTOOLWIN on 21:13 Rating: 5

No comments:

Powered by Blogger.