မြင်းခြံမြို့ သပိတ်ဖြိုခွဲမှုမှာ မျက်လုံးကျည်ထိမှန်ခဲ့တဲ့ KBZ ဘဏ်ဝန်ထမ်း ဒီကနေ့ ကွယ်လွန်


မတ် - ၁၁-၂၀၂၁

မနေ့ မတ်လ ၁၀ ရက်နေ့ က မြင်းခြံ ဆန္ဒပြလူထုသပိတ် ပစ်ခတ်ဖြိုခွဲခံရမှုမှာ မျက်လုံးကိုကျည်ထိမှန်ခဲ့တဲ့ ကိုထူးအောင်ကျော်ဟာ ဒီနေ့ မတ်လ ၁၁ ရက်နေ့မှာ ကွယ်လွန်သွားတယ်လို့ ဆွေမျိုးတော်စပ်သူတစ်ဦးဆီက သိရပါတယ်။

"မန္တလေးမှာ ဆေးကုသမှုခံနေတာပါ။ ခုတော့ ဆုံးသွားပြီလို့ ဖုန်းနဲ့အကြောင်းကြားလာတယ်။ မန္တလေးမှာ ဆေးကုသနေတာဖြစ်တယ်" လို့ ဆွေမျိုးတော်စပ်သူတစ်ဦး ပြောပါတယ်။

အဲ့ဒီသေဆုံးသူဟာ မြင်းခြံမြို့ KBZ ဘဏ်ဝန်ထမ်းဖြစ်ပြီး လက်ရှိမှာ ရုပ်အလောင်းကို မန္တလေးကနေ မြင်းခြံ နေအိမ်ကိုပြန်လည် သယ်ဆောင်လာပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့ကလည်း မြင်းခြံမြို့ ဆန္ဒပြပွဲ ဖြိုခွဲခံရလို့ လူတဦးသေဆုံးခဲ့ပြီး မနေ့က ဖြိုခွဲမှုမှာ အမျိုးသား ၂ ဦး ပေါင်နဲ့မျက်လုံးဒဏ်ရာရရှိခဲ့ကာ မျက်လုံးကျည်ထိခဲ့တဲ့ အမျိုးသား ဒီနေ့သေဆုံးခဲ့တာ ဖြစ်ပါတယ်။


Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews 

မြင်းခြံမြို့ သပိတ်ဖြိုခွဲမှုမှာ မျက်လုံးကျည်ထိမှန်ခဲ့တဲ့ KBZ ဘဏ်ဝန်ထမ်း ဒီကနေ့ ကွယ်လွန် မြင်းခြံမြို့ သပိတ်ဖြိုခွဲမှုမှာ မျက်လုံးကျည်ထိမှန်ခဲ့တဲ့ KBZ ဘဏ်ဝန်ထမ်း ဒီကနေ့ ကွယ်လွန် Reviewed by THITHTOOLWIN on 21:11 Rating: 5

No comments:

Powered by Blogger.