မန္တလေးမြို့က သပိတ်စစ်ကြောင်းကို စစ်တပ်က ဖြိုခွင်းရာက ရိုက်နှက်လို့ လူတစ်ဦးသေဆုံးပြီး ဖမ်းဆီးခံရသူ အများအပြားရှိ





မန္တလေး၊ မတ်- ၁၁- ၂၀၂၁

မန္တလေးမြို့က သပိတ်စစ်ကြောင်းတစ်ခုဟာ လမ်း ၉၀၊ ၃၀×၃၁ လမ်းက ကိုးလုံးတကာဘုရားရဲ့ အရှေ့ကိုအရောက်မှာ စစ်တပ်က ဖြိုခွင်းခဲ့တာကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကာ ရိုက်နှက်ပြီး ဖမ်းဆီးခံရသူတွေလည်း ရှိတယ်လို့ မျက်မြင်တွေ့ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

"ပြေးလာလို့ မှောက်ရက်လဲလို့ ပြန်ပြီး ထလာတဲ့အချိန်မှာ သံတုတ်နဲ့ ခေါင်းကိုရိုက်လိုက်တယ်" လို့ မျက်မြင်သက်သေ တစ်ဦးက ပြောပါတယ်။

ရိုက်နှက်ခံရသူ အမျိုးသားကတော့ နေရာမှာတင် သေဆုံးခဲ့ကာ လူ ၂၀ ကျော် ဖမ်း ဆီးခံရတယ်လို့လည်း ရပ်ကွက်နေ ပြည်သူလူထုက ပြောပါတယ်။


ရှိုင်းအောင်(VOM)

Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

မန္တလေးမြို့က သပိတ်စစ်ကြောင်းကို စစ်တပ်က ဖြိုခွင်းရာက ရိုက်နှက်လို့ လူတစ်ဦးသေဆုံးပြီး ဖမ်းဆီးခံရသူ အများအပြားရှိ မန္တလေးမြို့က သပိတ်စစ်ကြောင်းကို စစ်တပ်က ဖြိုခွင်းရာက ရိုက်နှက်လို့ လူတစ်ဦးသေဆုံးပြီး ဖမ်းဆီးခံရသူ အများအပြားရှိ Reviewed by THITHTOOLWIN on 21:16 Rating: 5

No comments:

Powered by Blogger.