မုံရွာ ပစ်ခတ်ဖြိုခွင်းမှု ၅ ဦးကျဆုံး









မုံရွာ၊မတ်-၃

မုံရွာမြို့ ပြည်​ထောင်စုလမ်း၊ ဘုရားနီဘုရားအနီး ယနေ့နံနက်က ဆန္ဒပြလူထုအား ရဲနှင့်စစ်တပ်မှ သေနတ်ဖြင့်ပစ်ခတ် ဖြိုခွင်းမှုတွင် ၅ဦးသေဆုံးကြောင်း လတ်တလော အတည်ပြုရရှိသည်။

ဒဏ်ရာရသူမှာ ၃၀ထက်မနည်း ရှိပြီး အချို့မှာ သတိမေ့မြောနေဆဲဖြစ်သည်။

ဒဏ်ရာရသူများကို လူမှုကူညီရေးအသင်းများက နီးစပ်ရာဆေးရုံသို့ပို့ဆောင်ကြပြီး အရေးပေါ်သွေးလိုမှုကို ပြည်သူများက ဝိုင်းဝန်းလှူဒါန်းကြသည်။

မုံရွာဂေဇက်က သွားရောက်အတည်ပြုထားသော ကျည်ထိမှန်သေဆုံးစာရင်းမှာ ဆရာမဒေါ်မြင့်မြင့်ဇင် (၃၆နှစ်)၊အောင်ချမ်းသာရပ်၊ ကိုမိုးအောင် (၂၃နှစ်) ကျူရှင်ဆရာ၊မြဝတီရပ်၊ မကျော့နန္ဒာအောင် (၂၅နှစ်)မြဝတီရပ် ၊ မောင်မင်းခန့်ကျော်(ခ)ဖိုးသဲ (၁၇နှစ်)နန္ဒဝန်ရပ်၊ အသက်၄၅နှစ်အရွယ် အမည်မသိအမျိုးသားတို့ ဖြစ်သည်။

လူထုသပိတ်စစ်ကြောင်းနှင့် ရဲ၊စစ်တပ်တို့ ဘုရားနီဘုရားအနီး ထိပ်တိုက်တွေ့ဆုံမှုမှာ ယခင်ရက်ကလည်းရှိခဲ့ပြီး ယခုဖြစ်စဉ်၌ ပထမဆုံးလူသေမှုဖြစ်သည်။

ပစ်ခတ်မှုများရှိရာ ပြည်ထောင်စုလမ်းနေရာသို့ သွားရောက်သော ရဲနှင့်စစ်တပ်ကားအချို့မှာ ကျောက္ကာလမ်းတွင် ဆန္ဒပြလူထုအချို့နှင့်တွေ့ပြီး ပစ်ခတ်မှုများလည်း ဖြစ်ခဲ့သည်။


ဓာတ်ပုံ-သေဆုံးသူများနှင့်ဒဏ်ရာရသူများ

#MonywaGazette #မုံရွာ #ပစ်ခတ် #စစ်တပ် #ရဲ #လူသေမှု

Monywa Gazette

https://www.facebook.com/monywagazette/

မုံရွာ ပစ်ခတ်ဖြိုခွင်းမှု ၅ ဦးကျဆုံး မုံရွာ ပစ်ခတ်ဖြိုခွင်းမှု ၅ ဦးကျဆုံး Reviewed by THITHTOOLWIN on 23:22 Rating: 5

No comments:

Powered by Blogger.