မုံရွာပစ်ခတ်မှု သေဆုံးသူတစ်ဦးထပ်တိုး


မုံရွာ၊မတ်-၃

မုံရွာမြို့ ပြည်​ထောင်စုလမ်း၊ ဘုရားနီဘုရားအနီး ယနေ့နံနက်က ဆန္ဒပြလူထုအား ရဲနှင့်စစ်တပ်မှ သေနတ်ဖြင့်ပစ်ခတ် ဖြိုခွင်းမှုတွင် သေဆုံးသူတစ်ဦး ထပ်တိုးသည်။

၎င်းမှာထန်းတောရပ်နေ မောင်ဇော်သိန်းအောင် (၂၀နှစ်) ဒုတိယနှစ်ကျောင်းသားဖြစ်သည်။

ဦးခေါင်းထိမှန်၍ ညနေ၄ နာရီက သေဆုံးခဲ့ပြီး မတ်လ ၅ရက်တွင်သဂြိုလ်မည်ဟု ၎င်း၏မိသားစုဝင်များက ပြောသည်။

၎င်းသည် ကျည်ထိမှန်သော အမျိုးသမီးတစ်ဦးအား ကူညီစဉ် ဦးခေါင်းထိမှန်ခဲ့ခြင်းဖြစ်ကြောင်း အတူသွားရောက်ခဲ့သူများက ပြောသည်။

မုံရွာဂေဇက်က သွားရောက်အတည်ပြုထားသော ကျည်ထိမှန်သေဆုံးစာရင်းမှာ ဆရာမဒေါ်မြင့်မြင့်ဇင် (၃၆နှစ်)၊အောင်ချမ်းသာရပ်၊ ကိုမိုးအောင် (၂၃နှစ်) ကျူရှင်ဆရာ၊မြဝတီရပ်၊ မကျော့နန္ဒာအောင် (၂၅နှစ်)မြဝတီရပ် ၊ မောင်မင်းခန့်ကျော်(ခ)ဖိုးသဲ (၁၇နှစ်)နန္ဒဝန်ရပ်၊ ကိုနိုင်ဝင်း (၄၅နှစ်)နန္ဒဝန်ရပ်၊ မောင်ဇော်သိန်းအောင် (၂၀နှစ်)တို့ဖြစ်သည်။


Monywa Gazette

https://www.facebook.com/monywagazette/

မုံရွာပစ်ခတ်မှု သေဆုံးသူတစ်ဦးထပ်တိုး မုံရွာပစ်ခတ်မှု သေဆုံးသူတစ်ဦးထပ်တိုး Reviewed by THITHTOOLWIN on 23:24 Rating: 5

No comments:

Powered by Blogger.