မြန်မာနိုင်ငံထဲနေ စင်္ကာပူနိုင်ငံသားတွေ အမြန်ဆုံးထွက်ခွာဖို့ စင်္ကာပူအစိုးရညွှန်ကြား

ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အင်အားသုံး ဖြိုခွဲတာကို စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်း ရှုတ်ချ

မြန်မာနိုင်ငံမှာ လောလောဆယ် ရှိနေတဲ့ စင်္ကာပူနိုင်ငံသားတွေ အမြန်ဆုံး ထွက်ခွာကြဖို့ စင်္ကာပူအစိုးရက ကြေညာချက်ထုတ် တိုက်တွန်းလိုက်ပါတယ်။

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ စင်္ကာပူနိုင်ငံသားတွေမြန်မာနိုင်ငံကို မသွားကြဖို့ကိုလည်း အကြံပေးထားပါတယ်။

မနေ့တုန်းက စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြနေသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေအတွင်း လူ ၃၈ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56245583

မြန်မာနိုင်ငံထဲနေ စင်္ကာပူနိုင်ငံသားတွေ အမြန်ဆုံးထွက်ခွာဖို့ စင်္ကာပူအစိုးရညွှန်ကြား  မြန်မာနိုင်ငံထဲနေ စင်္ကာပူနိုင်ငံသားတွေ အမြန်ဆုံးထွက်ခွာဖို့ စင်္ကာပူအစိုးရညွှန်ကြား Reviewed by THITHTOOLWIN on 22:12 Rating: 5

No comments:

Powered by Blogger.