အရေးယူပိတ်ဆို့မှုတွေကို ခံနိုင်ကြောင်းနဲ့မိတ်ဆွေနိုင်ငံအနည်းငယ်နဲ့ ဆက်သွားမယ်လို့ စစ်ကောင်စီပြော


ဆန္ဒပြသူတစ်ဦးကိုစစ်တပ်က ဖမ်းဆီးထားစဉ်


အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေကိုခံနိုင်ကြောင်းနဲ့ မိတ်ဆွေနိုင်ငံအနည်းငယ်နဲ့ ရှေ့ဆက်သွားမယ်ဆိုတဲ့အကြောင်း အာဏာသိမ်း စစ်ကောင်စီ ဒုတိယအကြီးအကဲ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောခဲ့တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် Christine Schraner Burgener က ထုတ်ပြောလာပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့ မတ်လ ၃ ရက်က ပြုလုပ်တဲ့ နယူးယောက်မြို့က သတင်းစာရှင်းလင်းပွဲမှာ အထူးသံတမန်က အခုလို ထုတ်ပြောလိုက်တာပါ။

အာဏာသိမ်းမှုအပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ တယ်လီဖုန်းကနေတဆင့် ဆက်သွယ်ပြောဆိုချိန် အာဏာသိမ်းလုပ်ရပ်အတွက် နိုင်ငံတကာကနေ ဒဏ်ခတ်ပိတ်ဆို့တာတွေ ရှိလာနိုင်တယ်လို့ သတိပေးတဲ့အခါ အတိတ်ကလည်း ဒီလိုပိတ်ဆို့မှုတွေခံခဲ့ရဖူးသလို ဆက်ရပ်တည်နိုင်ခဲ့တယ်ဆိုတဲ့ ပြန်တုံ့ပြန်မှု ရခဲ့တယ်လို့ သူကပြောပါတယ်။

ဒါ့ပြင် အာဏာသိမ်းမှုကြောင့် နိုင်ငံကတာက ဖယ်ကျဉ်မှုခံရနိုင်တယ်ဆိုတာမျိုး သတိပေးတဲ့အခါမှာလည်း ကျန်တဲ့မိတ်ဆွေနိုင်ငံအနည်းအကျဉ်းနဲ့ပဲ ဆက်လက်တွဲသွားဖို့ သင်ယူရမှာ ဆိုပြီး ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောခဲ့တယ်လို့ အထူးသံတမန်က သတင်းထောက်တွေကိုပြောပါတယ်။

ဒေသတွင်းတည်ငြိမ်မှုဟာ လက်ရှိမြန်မာ့အရေးပေါ် မူတည်နေတာကြောင့် တရုတ်နဲ့ ရုရှားနိုင်ငံတို့အနေနဲ့ ဒါကို သဘောပေါက်ပြီး လက်တွဲအလုပ်လုပ်လာဖို့ မျှော်လင့်တယ် လို သူက ဆက်ပြောထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56245583

အရေးယူပိတ်ဆို့မှုတွေကို ခံနိုင်ကြောင်းနဲ့မိတ်ဆွေနိုင်ငံအနည်းငယ်နဲ့ ဆက်သွားမယ်လို့ စစ်ကောင်စီပြော အရေးယူပိတ်ဆို့မှုတွေကို ခံနိုင်ကြောင်းနဲ့မိတ်ဆွေနိုင်ငံအနည်းငယ်နဲ့ ဆက်သွားမယ်လို့ စစ်ကောင်စီပြော Reviewed by THITHTOOLWIN on 22:14 Rating: 5

No comments:

Powered by Blogger.