ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ထိန်းသိမ်းခံထားရတဲ့နေရာကို မသိရသေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ထိန်းသိမ်းခံထားရတဲ့နေရာကို မသိရသေး ၂၀၂၁ ခုနှစ် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ဝန်ကြီးချုပ် ဦးညီပုကို မြင်တွေ့ခဲ့ရစဉ် / Photo: RFA

နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့်ခံထားရတဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦညီပုကို ဒီနေ့ နေ့လယ်က စစ်တွေမြို့နယ်တရားရုံးမှာ ဗွီဒီယိုအွန်လိုင်းစနစ်နဲ့ ရုံးထုတ်ခဲ့ပါတယ်။

ဗွီဒီယိုအွန်လိုင်းစနစ်နဲ့ ရုံးထုတ်တာမဟုတ်ဘဲ အချုပ်နဲ့ရုံးထုတ်လို့ရတယ်လို့ ဦးညီပုက ပြောဆိုခဲ့တယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးငြိမ်းချမ်း(ခေါ်) ဦးမျိုးမြတ်ဟိန်းက ပြောပါတယ်။

ဒီနေ့ရုံးချိန်းမှာတော့ CMPလို့ခေါ်တဲ့ မှုခင်းစီမံခန့်ခွဲမှု ပြုလုပ်ခဲ့ပါတယ်။

ဦးညီပုကို လက်ရှိမှာ အကျဉ်းထောင်ထဲမှာမဟုတ်ဘဲ တပ်မတော်ရဲ့ ထိန်းချုပ်မှုအောက်မှာ ထိန်းသိမ်း ထားဆဲဖြစ်တယ်လို့ ရှေ့နေဦးငြိမ်းချမ်းက ပြောပါတယ်။ ထိန်းသိမ်းထားတဲ့ နေရာကိုတော့ မသိရဘူးလို့ ဆိုပါတယ်။

ဦးညီပုကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညက တပ်မတော်သားတွေနဲ့ ရဲတွေက လာရောက် ဖမ်းဆီးသွားတာဖြစ်ပါတယ်။

အဲဒီနောက် စစ်တွေမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက တရားလိုပြုလုပ်ပြီး နိုင်ငံတော် ကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅(ခ) နဲ့ အမှုဖွင့်ခဲ့ပါတယ်။

လာမယ့် မတ်လ (၁၇)  ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်ပါတယ်။

ဦးညီပု တရားစွဲခံထားရတဲ့ နိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) ဟာ ထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်နိုင်တဲ့ ဥပဒေပုဒ်မ ဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/u-nyi-pu-detained-unkown-place-03042021033719.html

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ထိန်းသိမ်းခံထားရတဲ့နေရာကို မသိရသေး  ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ထိန်းသိမ်းခံထားရတဲ့နေရာကို မသိရသေး Reviewed by THITHTOOLWIN on 22:10 Rating: 5

No comments:

Powered by Blogger.