၇ နှစ်အရွယ် ကလေးငယ် ပစ်သတ်ခံရမှုအပေါ် ဗြိတိန်ဝန်ကြီး ရှုတ်ချ



(၂၃-၃-၂၀၂၁)

၇ နှစ်အရွယ် ကလေးငယ်ကိုပါ မြန်မာလုံခြုံရေးတပ်တွေက ပစ်သတ်တယ်ဆိုတဲ့သတင်းကြားရတဲ့အတွက် ကျနော် အထူးတုန်လှုပ်မိပါတယ်-လို့ ဗြိတိန်နိုင်ငံခြားရေးရုံး ဝန်ကြီးက ပြောဆိုလိုက်ပါတယ်။

ဒီနေ့ မန္တလေးမှာ အာဏာသိမ်းတပ်ဖွဲ့တွေက နေအိမ်တွေကိုပစ်ခတ်တဲ့အတွက် သူ့အိမ်ထဲမှာ သူနေတဲ့ ၇ နှစ်အရွယ် အမျိုးသမီးငယ်တဦး သေနတ်ထိမှန်သေဆုံးသွားတဲ့သတင်းအပေါ် ဗြိတိန် နိုင်ငံခြားရေး၊ ဓနသဟာရနှင့် ဖွံဖြိုးရေးရုံး FCDO ဝန်ကြီး Nigel Adams က တွစ်တာကနေ ဝေဖန်ရှုတ်ချလိုက်တာဖြစ်ပါတယ်။

သူရဲဘောကြောင်ပြီး စက်ဆုတ်ရွံရှာဖွယ်ကောင်းတဲ့ ဒီလုပ်ရပ်အတွက် ကျုးလွန်သူတွေ တာဝန်ခံရမှာဖြစ်တယ်-လို့လည်း ဗြိတိန်ဝန်ကြီးက သတိပေးပါတယ်။

ဒီပစ်ခတ်မှုကြောင့် မန္တလေးမှာ နောက်ထပ်တဦးလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီရေးအသင်း AAPP ရဲ့သတင်းထုတ်ပြန်ချက်အရ အာဏာသိမ်စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးရသူဦးရေ အနည်းဆုံး၂၆၁ ဦးရှိနေပြီဖြစ်ပြီး ဖမ်းဆီးခံထားရသူက ၂,၆၈၂ ဦးရှိနေပြီလို့ သိထားရပါတယ်။

ဒီလိုသတ်ဖြတ်မှုတွေ၊ သွေးချောင်းစီးမှုတွေကို ချက်ခြင်းရပ်တန့်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအပါဝင် အမေရိကန်၊ EU အီးယူ၊ ဗြိတိန်၊ အာဆီယံနဲ့ နိုင်ငံတကာအဖွဲ့အစည်း တွေက တောင်းဆိုထားပေမယ့် အာဏာသိမ်းစစ်တပ်က ဆက်လက်ပစ်ခတ် သတ်ဖြတ်နေဆဲဖြစ်ပါတယ်။


Burma News Network

https://www.facebook.com/burmanewsnetwork

၇ နှစ်အရွယ် ကလေးငယ် ပစ်သတ်ခံရမှုအပေါ် ဗြိတိန်ဝန်ကြီး ရှုတ်ချ ၇ နှစ်အရွယ် ကလေးငယ် ပစ်သတ်ခံရမှုအပေါ် ဗြိတိန်ဝန်ကြီး ရှုတ်ချ Reviewed by THITHTOOLWIN on 07:41 Rating: 5

No comments:

Powered by Blogger.