စစ်တပ်က ဘားတိုက်ကိုပြန်သင့်ပြီဟု ဖိလစ်ပိုင်ဝန်ကြီး အကြံပေး




(၂၃-၃-၂၀၂၁)

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ပြသာနာတွေ ပြေလည်စေဖို့ဆိုရင် အာဏာသိမ်းထားတဲ့စစ်တပ်က အာဏာကိုစွန့်ပြီး မူလနေရာကို ပြန်သွားမှဖြစ်လိမ့်မယ်လို့ သူတွက်ဆကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Teddy Locsin က အကြံပြုလိုက်ပါတယ်။

-စစ်တပ်ဟာ လုံခြုံရေးကိုအကြောင်းပြပြီး ပစ်ခတ်မှုတွေလုပ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဟာ အောင်ပွဲရထားသူတွေဖြစ်ပါတယ်- လို့လည်း ဖိလစ်ပိုင်ဝန်ကြီးကပြောပါတယ်။

ဖိလစ်ပိုင်ဝန်ကြီးဟာ ဒီနေ့အစောပိုင်းက ဗြိတိန် နိုင်ငံခြားရေး၊ ဓနသဟာရနှင့် ဖွံဖြိုးရေးရုံး FCDO ဝန်ကြီး Nigel Adams နဲ့ နှစ်နိုင်ငံအရေး၊ မြန်မာ့အရေးအပါဝင် နိုင်ငံတကာအရေးတွေ ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

ဗြိတိန်ဝန်ကြီး Nigel Adams က -၇ နှစ်အရွယ် ကလေးငယ်ပါမချန် မြန်မာလုံခြုံရေးတပ်တွေက ပစ်သတ်နေတဲ့အပေါ် အထူးတုန်လှုပ်မိပါတယ်၊ -သူရဲဘောကြောင်ပြီး စက်ဆုတ်ရွံရှာဖွယ်ကောင်းတဲ့ ဒီလုပ်ရပ်အတွက် ကျုးလွန်သူတွေ တာဝန်ခံရမှာဖြစ်တယ်-လို့ တွစ်တာကနေ ရေးပြီးတဲ့နောက် ဖိလစ်ပိုင်ဝန်ကြီးဖက်က အခုလို အကြံပေးမှု ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဒါဟာ အာဆီယံနိုင်ငံ ဝန်ကြီးတဦးရဲ့ ထူးခြားတဲ့ ဝေဖန်အကြံပြုချက်လည်းဖြစ်ပါတယ်။


Burma News Network

https://www.facebook.com/burmanewsnetwork

စစ်တပ်က ဘားတိုက်ကိုပြန်သင့်ပြီဟု ဖိလစ်ပိုင်ဝန်ကြီး အကြံပေး စစ်တပ်က ဘားတိုက်ကိုပြန်သင့်ပြီဟု ဖိလစ်ပိုင်ဝန်ကြီး အကြံပေး Reviewed by THITHTOOLWIN on 07:43 Rating: 5

No comments:

Powered by Blogger.