မန္တလေးပစ်ခတ်နှိမ်နင်းမှု မျက်မြင်ဆရာဝန်တဦးရဲ့ပြောပြချက်


ဖေဖော်ဝါရီလ ၂၀ ရက်ညနေက မန္တလေး ၄၁ လမ်းမှာ စစ်တပ်နဲ့ရဲက ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်ပစ်ခတ်ဖြိုခွဲလို့ ကိုဝေယံဖြိုးဆိုတဲ့ လူငယ်တယောက်နဲ့ ကိုမင်းဆိုတဲ့လူလတ်ပိုင်း တယောက် စုစပေါင်း (၂) ယောက် သေဆုံးပြီး အနည်းဆုံး အယောက် (၅၀) ကျော်ဒဏ်ရာရခဲ့ တဲ့အကြောင်း မျက်မြင်ကြုံတွေ့ ကုသပေးခဲ့တဲ့ ပရဟိတဆရာဝန်တယောက်က RFA ကိုပြောပြပါ တယ်။

 သူပြောပြတဲ့အကြောင်းအရာနဲ့ ပစ်ခတ်ချိန်က ပြည်သူတွေနဲ့ ဒေသခံသတင်းထောက်တွေ မှတ်တမ်းတင်ထားတဲ့ ဖြစ်ရပ်မှန်ဗီဒီယိုတွေကို ပူးတွဲတင်ပြထားပါတယ်။ 

အဲဒီဖြစ်ရပ်မှာ သေဆုံးသူ ၇ ယောက်ထိရှိ နေပြီး၊ ၁၇ ယောက်အသက်စိုးရိမ်ရတယ်လို့ အွန်လိုင်းမှာပျံ့နေပေမယ့်၊ အတည်မပြုနိုင် သေးပါဘူး။ မန္တလေးဆေးရုံကြီးမှာ ဆရာဝန်တွေက စစ်အာဏာရှင်တွေနဲ့မပူးပေါင်းရေး CDM လှုပ်ရှား မှုမှာပါနေ ပေမယ့် သေနတ်မှန်ထားတဲ့သူတွေကို ကြိုးစားကုသနေပြီး၊ ဒီနေ့မနက်လင်းအားကြီးအချိန် ထိ ဆက်သွယ်လို့မရသေးပါဘူး။ 

အခုလို သေဆုံး၊ ဒဏ်ရာရတဲ့ဖြစ်ရပ်နဲ့ ပျောက်ဆုံးနေတဲ့သူတွေ၊ ဖမ်းဆီးခံရတဲ့သူတွေနဲ့ပတ်သက်လို့ သက်ဆိုင်ရာအာဏာပိုင်တွေကိုဆက်သွယ် မေးမြန်းဖို့ ကြိုးစား နေဆဲဖြစ်ပါတယ်။ 

RFA Burmese



မန္တလေးပစ်ခတ်နှိမ်နင်းမှု မျက်မြင်ဆရာဝန်တဦးရဲ့ပြောပြချက် မန္တလေးပစ်ခတ်နှိမ်နင်းမှု မျက်မြင်ဆရာဝန်တဦးရဲ့ပြောပြချက် Reviewed by THITHTOOLWIN on 03:59 Rating: 5

No comments:

Powered by Blogger.