ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ခံထားတဲ့ သရုပ်ဆောင် လူမင်း ဖမ်းဆီးခံရ


ဖမ်းဆီးဖို့ ဝရမ်းထုတ်ထားတဲ့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီလူမင်းကို ဒီကနေ့ညမှာပဲ ရဲတွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ဇနီးဖြစ်သူ မခင်စပါယ်ဦးက ဖေ့စ်ဘုတ်ကနေ လိုက်ဖ်လွှင့်ပြီး ပြောခဲ့ပါတယ်။

ရဲတွေအများကြီး ကားနဲ့ရောက်လာပြီး တံခါးကို ချိုးဖျက်လို့ ဝင်ရောက်ပြီး ခေါ်သွားခဲ့ကြောင်း၊ကြမ်းကြမ်းတမ်းတမ်း ပြုမူပြောဆိုကြကြောင်းနဲ့ ဘယ်ကို ခေါ်သွားမယ်ဆိုတာ မပြောဘဲ ခေါ်သွားတဲ့အတွက် အလွန်အမင်း စိုးရိမ်ပူပန်နေရကြောင်းလည်း မခင်စပါယ်ဦးက ငိုယိုပြောဆိုနေတာ ကြားရပါတယ်။

လူမင်း အပါအဝင်အနုပညာရှင် ၆ ဦး ကို သူတို့ရဲ့ ကျော်ကြားမှု အရှိန်အဝါကိုသုံးပြီး ဝန်ထမ်းတွေ သပိတ်မှောက်ဆန္ဒပြကြအောင် လှုံ့ဆော်တယ်ဆိုတဲ့ စွဲချက်နဲ့ ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ပြီး ဖမ်းဝရမ်းထုတ်ထားတာ ဖြစ်ပါတယ်။

ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ခံထားရသူတွေထဲမှာ သရုပ်ဆောင် လူမင်းနဲ့အတူ ပြေတီဦး၊ ဒါရိုက်တာ ကိုပေါက်၊ ဝိုင်း၊ ဏကြီး နဲ့ အဆိုတော် အနဂ္ဂတို့ ပါဝင်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56091207

ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ခံထားတဲ့ သရုပ်ဆောင် လူမင်း ဖမ်းဆီးခံရ  ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ခံထားတဲ့ သရုပ်ဆောင် လူမင်း ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 01:39 Rating: 5

No comments:

Powered by Blogger.