ပြည်ပနိုင်ငံတွေပြောင်ပြောင်တင်းတင်းစွက်ဖက်နေတယ်လို့နိုင်ငံခြားရေးရုံးကဆို


ရန်ကုန်အခြေစိုက် နိုင်ငံခြားသံရုံးတချို့နဲ့ ပြည်ပနိုင်ငံတွေရဲ့ထုတ်ပြန်ကြေညာချက်တွေဟာ မြန်မာ့ပြည်တွင်းရေးကိုပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်နေတာလို့ အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။

မလွှဲသာတဲ့အခြေအနေကြောင့် တပ်မတော်ဟာ အခြေခံဥပဒေနဲ့အညီတာဝန်လွှဲပြောင်းရယူထားတာလို့ အဲဒီသတင်းထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။ အာဏာလွှဲပြောင်းရယူတယ်လို့ မသုံးစွဲဘဲ တာဝန်လွှဲပြောင်းရယူတယ်လို့သုံးစွဲထားပါတယ်။

အကြမ်းဖက်မှုတွေ၊ ဥပဒေနဲ့မညီတာတွေကို တွေ့နေရပေမဲ့လည်း အင်အားအနည်းဆုံးသုံးပြီး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေတယ်လို့လည်း ဆိုထားပါတယ်။

နှိမ်နင်းမှုတွေကြောင့် လူသေဆုံးတဲ့ဖြစ်ရပ်တွေကိုတော့ ရည်ညွှန်းရှင်းလင်းထားတာမျိုး မတွေ့ရပါဘူး။

ဒီနေ့ထုတ်အစိုးရသတင်းစာတွေမှာတော့ နေပြည်တော်မှာ ကျောင်းသူမမြသွဲ့သွဲ့ခိုင်သေဆုံးရတာဟာ ရဲလက်ချက်မဟုတ်ဘဲ ပြင်ပကလာတဲ့ လက်နက်တစ်စုံတစ်ရာကြောင့်လို့ ရေးသားထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56091207

ပြည်ပနိုင်ငံတွေပြောင်ပြောင်တင်းတင်းစွက်ဖက်နေတယ်လို့နိုင်ငံခြားရေးရုံးကဆို  ပြည်ပနိုင်ငံတွေပြောင်ပြောင်တင်းတင်းစွက်ဖက်နေတယ်လို့နိုင်ငံခြားရေးရုံးကဆို Reviewed by THITHTOOLWIN on 01:59 Rating: 5

No comments:

Powered by Blogger.