အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူတွေ သဘောထားနဲ့အညီ ရပ်တည်မယ်လို့ NLD ကြေညာ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီးတိုင်းရင်းသားပြည်သူတွေရဲ့ သဘောထားနဲ့အညီ ရပ်တည်သွားမယ်လို့ ပြီးခဲ့တဲ့မိနစ်ပိုင်းက ထုတ်ဖော်ကြေညာလိုက်ပါတယ်။

ဆန္ဒပြသူတွေထဲမှာ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေးကို ရှေ့တန်းတင်ချင်သူတွေနဲ့ ၂၀၀၈အခြေခံဥပဒေကို ဆက်လက်ကိုင်စွဲချင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံသူတွေအကြား အငြင်းပွားမှုတွေ ရှိနေစဥ်မှာ အခုကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

တိုင်းရင်းသားလူမျိုးစုတွေကလည်း ဖက်ဒရယ်ဒီမိုကရေစီ တောင်းဆိုချက်ကို ရှေ့တန်းတင်တောင်းဆိုချင်ကြတာ ဖြစ်ပါတယ်။

တိုင်းရင်းသားတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဗကသလူငယ်တွေပူးပေါင်းပါဝင်ကြတဲ့ အထွေထွေသပိတ်ကော်မတီ GSC က ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေး၊ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး၊အာဏာရှင်စနစ် ဖျက်သိမ်းရေးတွေကို ဘုံလုပ်ငန်းစဥ်အဖြစ် ကြေညာရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တချို့က ကန့်ကွက်မှုတွေ ရှိခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56091207

အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူတွေ သဘောထားနဲ့အညီ ရပ်တည်မယ်လို့ NLD ကြေညာ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူတွေ သဘောထားနဲ့အညီ ရပ်တည်မယ်လို့ NLD ကြေညာ Reviewed by THITHTOOLWIN on 02:01 Rating: 5

No comments:

Powered by Blogger.