မြန်မာနိုင်ငံကို အကူအညီသစ်တွေပေးတာရပ်ဖို့ ဂျပန်စဥ်းစားမယ်

 Embassy of Japan in Myanmar / ဂျပန်သံအမတ် မစ္စတာ မာရုယာမ အိချိရော ကိုဗစ်တိုက်ဖျက်ရေး အထောက်အပံ့ဆိုင်ရာ စာချွန်လွှာ လက်မှတ်ရေးထိုးစဥ်

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာကို နောက်ထပ် အကူအညီပေးမယ့် စီမံကိန်း အသစ်တွေကို ရပ်တန့်ဖို့ စဥ်းစားနေတယ်လို့ ဂျပန် အစိုးရ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ကျိုဒိုသတင်းအေဂျင်စီက ဖော်ပြပါတယ်။

တစ်ချိန်တည်းမှာ လူသားချင်းညှာတာထောက်ထားမှုဆိုင်ရာ အရေးပေါ် အကူအညီတွေ ဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး အကူအညီမျိုးတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကနေ ဆက်ပေးဖို့ စီစဥ်ထားတယ်လို့ ဖော်ပြထားပါတယ်။

ဂျပန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားဖမ်းထားသူတွေကို လွှတ်ပေးဖို့ နဲ့ ဒီမိုကရေစီ အစိုးရကို မြန်မြန်ဆန်ဆန် ပြန်အသက်သွင်းဖို့ စစ်တပ်ကို စည်းရုံးနားချဖို့ ကြိုးပမ်းချက်တွေ ဆက်လုပ်ဖို့ ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။



BBC Burmese

https://www.bbc.com/burmese/live/burma-56140135

မြန်မာနိုင်ငံကို အကူအညီသစ်တွေပေးတာရပ်ဖို့ ဂျပန်စဥ်းစားမယ်  မြန်မာနိုင်ငံကို အကူအညီသစ်တွေပေးတာရပ်ဖို့ ဂျပန်စဥ်းစားမယ် Reviewed by THITHTOOLWIN on 06:54 Rating: 5

No comments:

Powered by Blogger.