မအိသဉ္စာမောင်ကို လူ့ဘောင်သစ်ပါတီက ထုတ်ပယ်


စစ်အဏာသိမ်းမှု ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်နေတဲ့ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ မအိသဉ္စာမောင်ကို လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနဲ့ လူငယ်အဖွဲ့က ထုတ်ပယ်လိုက်တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ကနေ အသိပေးပါတယ်။

သူဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ပန်းဘဲတန်းမြို့နယ် ကိုယ်စားပြု ဝင်ရောက်ယှဥ်ပြိုင်ခဲ့သူ ဖြစ်ပါတယ်။ ထုတ်ပယ်တဲ့ အကြောင်းအရင်းကိုတော့ မသိရသေးဘူးလို့ သူက ဆိုပါတယ်။

ဒါနဲ့ ပတ်သက်လို့ ပါတီဘက်က တစ်စုံတစ်ရာ ထုတ်ပြောတာတော့ မတွေ့ရသေးပါဘူး။


BBC Burmese

https://www.bbc.com/burmese/live/burma-56140135

မအိသဉ္စာမောင်ကို လူ့ဘောင်သစ်ပါတီက ထုတ်ပယ်  မအိသဉ္စာမောင်ကို လူ့ဘောင်သစ်ပါတီက ထုတ်ပယ် Reviewed by THITHTOOLWIN on 06:56 Rating: 5

No comments:

Powered by Blogger.