ကုလအတွင်းရေးမှူးချုပ် နယူးယောက်မှာ ကိုဗစ်ကာကွယ်ဆေးထိုး

Guterres ကိုဗစ်ကာကွယ်ဆေးထိုးစဉ် (ဓာတ်ပုံ-UN)

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres ဟာ နယူးရောက် Bronx မှာ ရှိတဲ့ Adlai E Stevenson အထက်တန်းကျောင်းမှာ ဖွင့်ထားတဲ့ ကာကွယ်ဆေးထိုးစင်တာကို ကြာသပတေးနေ့က သွားရောက်ပြီး ၂ ကြိမ်ထိုးဖို့လိုအပ်တဲ့ COVID-19 ကာကွယ်ဆေးကို ပထမအကြိမ်ထိုးခဲ့ပါတယ်။

“ကာကွယ်ဆေးရလာပြီဖြစ်တဲ့ အခွင့်အလမ်းကို အသုံးချပြီး တတ်နိုင်သမျှ အမြန်ဆုံး ဆေးထိုးကြဖို့ အားလုံးကို တိုက်တွန်းလိုပါတယ်” လို့ ပြောသွားတာပါ။ ကုလသမဂ္ဂ ဝန်ထမ်းတွေနဲ့ သံတမန်တွေကိုပါ ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်ထဲမှာ ထည့်သွင်းပေးတဲ့ နယူးယောက် တာဝန်ရှိသူတွေ ကိုလည်း ကျေးဇူးတင်ကြောင်း ပြောပါတယ်။

ဒါ့အပြင် ဒီရောဂါ ကာကွယ်ဆေးကို နေရာတိုင်းက လူတိုင်း ထိုးနိုင်အောင် လုပ်ရမှာ ဖြစ်ကြောင်းလည်း သူ့ ရဲ့ တွစ်တာကနေ ရေးပါတယ်။ ဒီကပ်ရောဂါအတွက် လူတိုင်းစိတ်ချရတဲ့ အနေထား မရောက်မချင်း ဘယ်သူမှ စိတ်ချလက်ချ နေနိုင်မှာ မဟုတ်ကြောင်းလည်း ပြောပါတယ်။

နယူးရောက်မှာ နေထိုင်သူ အသက် ၆၅ နှစ် အထက်ရှိသူတွေကို ဆေးထိုးပေးတဲ့ အစီအစဉ်လုပ်ဆောင်နေချိန် ဖြစ်တဲ့အတွက် အသက် ၇၁ နှစ် ရှိပြီဖြစ်ပြီဖြစ်တဲ့ အတွင်းရေးမှူးချုပ် Guterres လည်း ဆေးထိုးခွင့်ရခဲ့တာ ဖြစ်ပါတယ်။ အခု အသုတ် ဆေးထိုးဖို့ အကျံူးဝင်သူတွေက အသက် ၆၅ နှစ် အထက်လူကြီးပိုင်းတွေ၊ ကျောင်းဝန်ထမ်းတွေ၊ အရေးပေါ်ဆေးဝန်ထမ်းတွေ၊ သယ်ယူပို့ဆောင်ရေး ဝန်ထမ်းတွေနဲ့ ကုန်စုံဆိုင်ဝန်ထမ်းတွေ ပါဝင်ပါတယ်။

ကာကွယ်ဆေးကို အများပြည်သူရှေ့မှာ ထိုးနှံမှာ ဖြစ်ကြောင်း အတွင်းရေးမှူးချုပ်က ဒီဇင်ဘာလမှာ ကြေညာခဲ့တာပါ။

အခုလို ကာကွယ်ဆေး ထိုးတာဟာ လူ့ကျင့်ဝတ်အရ လုပ်ဆောင်ရမယ့် အလုပ်တခု အဖြစ် ခံယူထားတဲ့ အတွင်းရေးမှူးချုပ်က ဒီရောဂါဟာ ကူးစက်မှု အန္တရာယ်ရှိနေတဲ့အတွက် လူ့အသိုင်းဝိုင်း တခုလုံး အန္တရာယ်ကင်းအောင် လူတိုင်း ပါဝင် လုပ်ဆောင်ရမှာ ဖြစ်ကြောင်းလည်း အတွင်းရေးမှူးချုပ်က ပြောပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/united-nations-secretary-general-vaccine-new-York-/5757350.html

ကုလအတွင်းရေးမှူးချုပ် နယူးယောက်မှာ ကိုဗစ်ကာကွယ်ဆေးထိုး ကုလအတွင်းရေးမှူးချုပ် နယူးယောက်မှာ ကိုဗစ်ကာကွယ်ဆေးထိုး Reviewed by THITHTOOLWIN on 23:55 Rating: 5

No comments:

Powered by Blogger.