ကျိုင်းတုံမြို့နယ်၌ ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ရာ သုံး ဦး သေဆုံး

ကျိုင်းတုံ ဇန်နဝါရီ ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာနှင့် ဝမ်အိုင်ကျေးရွာအကြား (၈)မိုင်လမ်းဆုံ အဆင်းတွင် ဇန်နဝါရီ ၃၁ ရက် ကမော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှာက်ခဲ့ကြောင်းသိရသည်။

  ကျိုင်းတုံမြို့နယ်၊ နမ့်အင်းကျေးရွာအုပ်စု အာမောဒေကျေးရွာအနီးရှိ (၁၉)မိုင် သဘာဝတရားရိပ်သာ မှ ကျိုင်းတုံမြို့သို့ ယာဉ်မောင်း စိုင်းရီကျောက်(၃၅)နှစ် ကျိုင်းတုံမြို့နေသူမောင်းနှင်သည့် အာရဖတ်(အဖြူရောင်) ကား သည် မိုင်းခွန်ကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာနှင့် ဝမ်အိုင်ကျေးရွာအကြား (၈)မိုင်လမ်းဆုံ အဆင်းတွင် အရှိန်မထိနိုင်ဘဲ လမ်းဘေးသို့ တိမ်းမှာက်ခဲ့ရာ ကားပေါ်တွင် ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါ(၉)ဦးတို့အနက် အမျိုးသမီး သုံး ဦး သေဆုံးခဲ့ပြီး ယာဉ်မောင်းမှာ ထိခိုက်ဒဏ်ရမရရှိဘဲ ကျန် ခြောက်ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း စိုင်းရီကျောက်အား အမှတ်(၁၉)ယာဉ်ထိန်းတပ်ဖွဲ့စု(ကျိုင်းတုံ)မှ အမှုဖွင့်အရေးယူရန် စီစဉ်လျက်ရှိကြောင်း သိရသည်။


အောင်ဇင်မြင့်(ပြန်/ဆက်)

Myanmaalinn

https://www.facebook.com/MYANMAALINNNEWS

ကျိုင်းတုံမြို့နယ်၌ ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ရာ သုံး ဦး သေဆုံး ကျိုင်းတုံမြို့နယ်၌  ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ရာ သုံး ဦး သေဆုံး Reviewed by THITHTOOLWIN on 22:02 Rating: 5

No comments:

Powered by Blogger.