နာဂတွင် တောင်ယာရှို့မီးအတွင်း လူလေးဦး ပိတ်မိသေဆုံး

နန်းယွန်း၊ ဇန်နဝါရီ – ၃၀

နာဂဒေသ၊ လဟယ်မြို့နယ်၊ ထန်ခေါ်နောက်ကုန်းကျေးရွာ၌ တောင်ယာရှို့မီးဝိုင်းအတွင်း လူလေးဦး ပိတ်မိ၍ မီးလောင်သေဆုံးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးပိုင်က ပြောသည်။

ဒေသခံလေးဦးသည် ဇန်နဝါရီလ ၂၉ ရက်နေ့က အိန္ဒိယနယ်စပ်သို့ ဆန်ဝယ်သွားပြီး အပြန် ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးရန်ရှို့ထားသော တောမီးအတွင်း ရောက်သွား၍ ထွက်ပေါက်မတွေ့ဘဲ မီးလောင်သေဆုံးခြင်းဖြစ်ကြောင်း မီးသတ်ဌာနက သုံးသပ်ထားသည်။

“တောင်ပေါ်ဒေသက စုပေါင်းတောင်ယာ မီးရှို့ကြတာ။ တောင်ပေါ်ဓလေ့ထုံးစံအရ မီးရှို့ကြတာထဲမှာ ပါသွားတာ”ဟု ပြောသည်။

တောင်ယာမီးရှို့သော သံသယရှိသူ ဒေသခံ ၈ ဦးအား စစ်ဆေးနေသည်ဟု သိရသည်။

အဆိုပါမီးထဲတွင် ပိတ်မိသေဆုံးသွားသောလေးဦးသည် အမျိုးသမီး ၃ဦး၊ အမျိုးသား ၁ဦးဖြစ်သည်။

ထန်ခေါ်နောက်ကုန်းရွာသည် လဟယ်မြို့နှင့် ၃၈မိုင်ကွာဝေးပြီး ဆိုင်ကယ်ခရီး၊ ခြေလျင်ခရီးတို့ဖြင့် သွားရ၍ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည်။

နာဂဒေသည် တောင်တန်းဒေသဖြစ်သောကြောင့် အများစုသည် ရွှေ့ပြောင်းတောင်ယာကိုသာ အဓိကလုပ်ကိုင်စားသောက်ကြခြင်း ဖြစ်သည်။

အဆိုပါ ရွှေ့ပြောင်းတောင်ယာများကို တစ်နှစ်တစ်ကြိမ်သာ ခုတ်ကြလေ့ရှိပြီး စိုက်ပျိုးရန် မီးရှို့လေ့ရှိကြသည်။


နွမ်းနွမ်း

Monywa Gazette

https://www.facebook.com/monywagazette

နာဂတွင် တောင်ယာရှို့မီးအတွင်း လူလေးဦး ပိတ်မိသေဆုံး နာဂတွင် တောင်ယာရှို့မီးအတွင်း လူလေးဦး ပိတ်မိသေဆုံး Reviewed by THITHTOOLWIN on 23:32 Rating: 5

No comments:

Powered by Blogger.