မြိတ်တွင် အရွယ်မရောက်သေးတဲ့ကလေးအချို့ လမ်းမှားရောက်နေ


မြိတ်မြို့၊အလယ်ကျွန်းနယ်မြေတွင် ဇန်နဝါရီလ ၃၀ ရက်၊ ညနေပိုင်းက  ကလေး ၃ ဦး ကော်ရူနေတာကို ဖမ်းဆီးမိတယ်လို့သိရပါတယ်။

အလယ်ကျွန်းရပ်၊ ပန်ယားဝပ်ရှော့ဟောင်းခြံဝင်းအတွင်း မိန်းကလေး ၁ ဦး နှင့် ယောက်ျားလေး ၂ ဦးက ကော်ရှူနေတာကို ခြံဝင်းပိုင်ရှင်ကတွေ့ရှိပြီးထိန်းသိမ်းထားကာ နယ်မြေအုပ်ချုပ်ရေးအဖွဲ့အား ဆက်သွယ်အပ်နှံပေမယ့် အုပ်ချုပ်ရေးအဖွဲ့က လာရောက်ခြင်းမရှိဘူးလို့သိရပါတယ်။

"ကလေး ၃ ယောက်က ခြံဝင်းထဲမှာ ကော်လာရှူနေတာတွေ့လို့ ထိန်းသိမ်းထားပြီး ကလေးတွေကို ဘယ်ရပ်ကွက်ကလဲလို့မေးတော့ ကျွန်တော့်ကို ပြန်ပြီးရန်ရှာတယ် ။  အုပ်ချုပ်ရေးအဖွဲ့ကိုဖုန်းဆက်အကြောင်းကြားတယ်။ အကြောင်းပြချက်တွေပေးပြီး ရောက်မလာကြဘူး။ တကယ်ဆို သူတို့လာပြီး ကလေးတွေကို ဆုံးမပြီး မိဘတွေဆီပြန်အပ်ပေးသင့်တယ် ""လို့  ခြံပိုင်ရှင်ကပြောပါတယ်။

အရွယ်မရောက်သေးတဲ့ ကလေးအချို့ အုပ်ထိန်းသူတွေရဲ့မျက်ကွယ်မှာ လမ်းမှားရောက်နေတာကို တာဝန်ရှိသူတွေက ကြပ်မတ်ပေးစေချင်ကြောင်း ၎င်းပတ်ဝန်းကျင်ကပြည်သူတွေလိုလားနေကြပါတယ်။


မြတ်ထွဋ် (မြိတ်)

https://www.facebook.com/Myat-Htut-Myeik-222869948053294

မြိတ်တွင် အရွယ်မရောက်သေးတဲ့ကလေးအချို့ လမ်းမှားရောက်နေ မြိတ်တွင် အရွယ်မရောက်သေးတဲ့ကလေးအချို့ လမ်းမှားရောက်နေ Reviewed by THITHTOOLWIN on 23:30 Rating: 5

No comments:

Powered by Blogger.