ဟားခါး-ထန်တလန် လမ်းတွင် မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲ ထိုးကျတိမ်းမှောက်၍ လူ(၂)ဦး သေဆုံး


ဟားခါး ဇန်နဝါရီ ၃၀

 ချင်းပြည်နယ် ဟားခါးမြို့မှ (၄)မိုင်ခန့်အကွာ ဟားခါး-ထန်တလန်လမ်းတွင် ထန်တလန်မှ ဟားခါးသို့ ထွက်ခွာလာသော ယာဉ်အမှတ် 6E----- PRATO အိမ်စီးကား (၄)ဘီး ယာဉ်သည် ဇန်နဝါရီ ၃၀ ရက် ညနေ ၂ နာရီ မိနစ် ၂၀ ခန့်က အရှိန်မထိန်းနိုင်ဘဲ    ပေ ၅၀၀ ခန့် ချောက်ထဲသို့ ထိုးကျတိမ်းမှောက်၍ အခင်းဖြစ်ပွားရာနေရာ၌ ယာဉ်မောင်းနှင့် ယာဉ်မောင်း သမီးဖြစ်သူတို့  သေဆုံးခဲ့ကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ ထန်တလန်မှ ဟားခါးသို့ ထွက်ခွာလာသော ယာဉ်မောင်း ဉီးချွမ်းလိန်း အသက် (၅၅) နှစ်  မောင်းနှင်လာသည့် ယာဉ်အမှတ် 6E----- PRATO  ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ  ပေ(၅၀၀)ခန့် ချောက်ထဲသို့ ထိုးကျကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ၊ အဆိုပါ ယာဉ်တိမ်းမှောက်သည့် နေရာသို့ မြို့နယ်မီးသတ်ဉီးစီးမှူး ဉီးသျှန်နွန်မောင် ဉီးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များနှင့်  သူနာတင်ယာဉ်(၁)စီးဖြင့် ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ရာ ယာဉ်မောင်း ဉီးချွမ်းလိန်းနှင့် သမီးဖြစ်သူ မဗန်ပါရ်အဲမ်အသက်(၁၃)နှစ်သည် အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးခဲ့ကြောင်း၊ အဆိုပါသေဆုံးသူ(၂)ဦးတို့အား  ဟားခါးမြို့  ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း မြို့နယ်မီးသတ်ဉီးစီးဌာနထံမှ သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဉီးချွမ်းလိန်းအား ဟားခါးမြို့မရဲစခန်းမှ   အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


Myanmaalinn

https://www.facebook.com/MYANMAALINNNEWS

ဟားခါး-ထန်တလန် လမ်းတွင် မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲ ထိုးကျတိမ်းမှောက်၍ လူ(၂)ဦး သေဆုံး ဟားခါး-ထန်တလန် လမ်းတွင် မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲ ထိုးကျတိမ်းမှောက်၍ လူ(၂)ဦး သေဆုံး Reviewed by THITHTOOLWIN on 23:35 Rating: 5

No comments:

Powered by Blogger.