သိန်းနီမြို့နယ် တွင် အောက်တိုဘာ ၁၄ရက် ည ၇နာရီခွဲ တွင် မူဆယ်-မန္တလေး ပြည်ထောင်စု ကားလမ်းမပေါ်တွင် အသက် ၂၂နှစ်အရွယ်ရှိ လီစီချီ မောင်းလာသည့် Crown ကားကို စစ်ဆေးရာ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိကြောင်း မူးယစ်ရဲတပ်ဖွဲ့ ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ကားပေါ်တွင် သိမ်းဆည်းရမိသည့် လက်နက်များမှာ မောင်းပြန်ရိုင်ဖယ် ၃လက်၊ ကျည်ကဒ်ပါပစ္စတိုသေနတ် ၄လက်၊ M-22 ကျည်ဘောက်၁၅ခု၊ M-22 ကျည် ၁၂၉၀ တောင့်၊ 7.62 ကျည် ၉၀၀ တောင့်၊ ပွိုင့် ၂၂ကျည် ၂၀၀ တောင့်၊ 9 mm ကျည် ၁၀၀ တောင့် တို့ဖြစ်ကြောင်း မူးယစ်ရဲတပ်ဖွဲ့မှ သိရသည်။

ထိုဖမ်းဆီးရမိသည့် လက်နက်များနှင့်အတူ လီစီချီ ကို သိန်းနီမြို့မ ရဲစခန်းတွင် ရှမ်းလက်နက် ဥပဒေဖြင့် အမှူဖွင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese


Reviewed by THITHTOOLWIN on 19:55 Rating: 5

No comments:

Powered by Blogger.