အမေရိကန်မှာ TikTok သုံးတာ ပိတ်မယ် - သမ္မတ Trump


အင်တာနက် အွန်လိုင်းပေါ်က လူမှုကွန်ရက်တွေမှာ လူကြိုက်များနေတဲ့ TikTok Application နည်းပညာဆော့ဖ်ဝဲ အသုံးပြုတာကို အမေရိကန်မှာ တားမြစ်ပိတ်ပင်သွားဖို့ ရည်မှန်းထားတယ်လို့ အမေရိကန်သမ္မတ Trump က ပြောလိုက်ပါတယ်။

လူမှုကွန်ရက်တွေမှာ ဗွီဒီယိုတွေ မျှဝေနေတဲ့ နာမည်ကြီး TikTok application ကို အမေရိကန်မှာ အသုံးပြုတာတွေကို ရပ်တန့်ဖို့ စနေနေ့ အစောဆုံးထားပြီး လုပ်လာနိုင်တယ်လို့ သမ္မတ Trump က မနေ့ သောကြာနေ့က ပြောတာပါ။

အမေရိကန်က TikTok ရဲ့လုပ်ငန်းတွေကို အမေရိကန် ကုမ္ပဏီတခုက ဝယ်မယ့် သဘောတူညီချက် တခုကိုလည်း Trump က သဘောမတူပါဘူး။

Tik Tok application ဟာ အမေရိကန်နဲ့ ကမ္ဘာတဝန်းမှာ အလွန်လူကြိုက်များပြီး ကမ္ဘာတဝန်းမှာ Tik Tok Application ကို သုံးစွဲသူ ၂ ဘီလီယံကျော် ရှိပါတယ်။ ဒီထဲမှာ ၁၆၅ သန်းကတော့ အမေရိကန်က ဖြစ်ပါတယ်။

ဒီ နည်းပညာဆော့ဖ်ဝဲက ဖျော်ဖြေရေးဗွီဒီယို သက်သက်တင်မဟုတ်ဘဲ စကားစစ်ထိုးပွဲတွေ၊ လူမျိုးရေး တရားမျှတမှုနဲ့ လာမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲ စတဲ့ နိုင်ငံရေးနဲ့ ဆိုင်တာတွေလည်း ပါလေ့ရှိပါတယ်။

အမေရိကန် အာဏာပိုင်တွေကတော့ Tik Tok ဟာ လုံခြုံရေးအရ ခြိမ်းခြောက်မှု ရှိလာနိုင်တယ်လို့ စိုးရိမ်နေကြပြီး ကုမ္ပဏီအနေနဲ့ အသုံးပြုတဲ့လူတွေရဲ့ အချက်အလက်တွေကို တရုတ်အစိုးရနဲ့ ဝေမျှမယ့်အပေါ် စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
အမေရိကန်မှာ TikTok သုံးတာ ပိတ်မယ် - သမ္မတ Trump အမေရိကန်မှာ TikTok သုံးတာ ပိတ်မယ် - သမ္မတ Trump Reviewed by THITHTOOLWIN on 06:54 Rating: 5

No comments:

Powered by Blogger.