တပ်မဲရုံ ခြောက်ရာကျော် တပ်ပြင်ပမှာထားမယ်လို့ ရွေးကောက်ပွဲကော်မရှင်ပြော

နေပြည်တော်မှာကျင်းပတဲ့ ၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ချီတက်အလေးပြုတဲ့ တပ်မတော်သားတွေကို တွေ့ရစဉ် - Photo: RFA

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ တပ်မတော်သားတွေ သီးသန့်မဲပေးနိုင်ဖို့ တပ်မဲရုံ ၆၃၂ ရုံ သတ်မှတ်ပြီး တပ်ပြင်ပမှာ ထားရှိမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ပါတယ်။

ရွေးကောက်ပွဲနည်းပဒေ ၃၉ (က) နဲ့ အညီ ပွင့်လင်းမြင်သာမှုရှိစေရန်နဲ့ ရွေးကောက်ပွဲ စောင့်ကြည်လေ့လာသူတွေ လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်ဖို့အတွက် တပ်မဲရုံတွေကို တပ်ရင်းတပ်ဖွဲ့တွေ အပြင်ဘက်မှာ နေရာသတ်မှတ်တာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တပ်တွင်းမဲရုံအားလုံးကို အပြင်ထုတ်မပေးနိုင်ဘဲ၊ တချို့ကို တပ်တွင်းမှာပဲ ဆက်ထားရမယ်လို့ ဇူလိုင်လ ၂၅ ရက်နေ့ကပြုလုပ်တဲ့ တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။

အရင်က တပ်မဲရုံတွေဟာ တပ်ရင်းတပ်ဖွဲ့တွေထဲမှာရှိပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ကျင်းပတဲ့လွှတ်တော်မှာ တပ်မဲရုံတွေကို အပြင်မှာထားဖို့အပါအဝင် ရွေးကောက်ပွဲ နည်းဥပဒေပြင်ဆင်တဲ့ ဥပဒေကို လွှတ်တော်မှာတင်သွင်းခဲ့ပြီး တပ်မတော်သားတွေက ကန့်ကွက်ခဲ့ပေမယ့် လွှတ်တော်က အတည်ပြုခဲ့ပါတယ်။

အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်တွင်း မဲပေးခွင့်ရှိသူ လူဦးရေ ၁၆ သိန်း လေးသောင်းကျော်ရှိပြီး မဲရုံပေါင်း ၂၅၉၄ ရုံ ရှိတယ်လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းတွေအရ သိရပါတယ်။

RFA Burmese
တပ်မဲရုံ ခြောက်ရာကျော် တပ်ပြင်ပမှာထားမယ်လို့ ရွေးကောက်ပွဲကော်မရှင်ပြော တပ်မဲရုံ ခြောက်ရာကျော် တပ်ပြင်ပမှာထားမယ်လို့ ရွေးကောက်ပွဲကော်မရှင်ပြော Reviewed by THITHTOOLWIN on 21:19 Rating: 5

No comments:

Powered by Blogger.